သံတိုင်နောက်မှ ဘဝများ

ဇန်နဝါရီလ (၁) ရက်၊ ၂၀၂၅ အကြမ်းဖက်စစ်အုပ်စုသည် တိုင်းပြည်အာဏာရယူရန် ကြိုးပမ်းရာတွင် ၃ နှစ်ကျော် ၄ နှစ် ပြည့်တော့မည့် ကာလသို့ ရောက်ရှိလာသော်လည်း ၎င်းတို့၏ အာဏာလုယူမှုမှာ အောင်မြင်ခြင်းမရှိဘဲ နယ်မြေအများအပြားကိုပါ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ လက်လွှတ်လိုက်ရပြီးနောက် နိုင်ငံရေးအရ ၎င်းတို့ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများ အပေါ်တွင် ပိုမို၍ ရမ်းကားရက်စက်လာသည်။ နေရာဒေသအသီးသီးတွင် ရာဇဝတ်မှုများကို ဆိုးဆိုးရွားရွားကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုသည် အကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများတွင်လည်း ရက်စက်ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျ ကျင့်သုံးလျက်ရှိနေသည်။ နိုင်ငံရေးအကျဉ်းသားများကို ၎င်းတို့၏…









