နိုင်ငံရေးအကျဉ်းသားများဟောင်းများနှင့် မိသားစုအသိုင်းအဝိုင်းများလက်စွဲ

စကားလက်ဆောင် ကျနော်တို့ ၈၈ နောက်ပိုင်း စစ်အုပ်စုက ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ိရက်ရက်စက်စက်ဖြိုခွဲပြီးနောက် နယ်စပ်ဒေသကို ရောက်ကြတဲ့သူတွေ၊ ပြည်ပနိုင်ငံတွေကို ရောက်ခဲ့တဲ့ လူတွေ၊ အသက်ပေးသွားရတဲ့လူတွေ ထောင်ချီရှိခဲ့သလို စစ်အကျဉ်းထောင်ထဲ ရောက်ခဲ့ရတဲ့ သူတွေလည်း ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။ စစ်ကြောရေးစခန်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အကျဉ်းထောင်ရဲ့ ခါးသီးလှတဲ့ ဖြတ်သန်းမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတဲ့ အခါမှာ ဘဝ တွေ ကျိုးကြေခဲ့ကြရတယ်။ မိသားစုနဲ့ အဆင်မပြေမှုတွေ၊ ပတ်ဝန်းကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်ခဲ့ရကြရတယ်။ ဒီအခါ ကျနော်တို့ တတွေဟာ အထီးကျန်စွာ ခံစားလာရတယ်။…
