အမျိုးသားနေ့အထိမ်းအမှတ် အကျဉ်းသားများလွှတ်ပေးမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

နိုဝင်ဘာလ (၁၈) ရက်၊ ၂၀၂၂ ၂၀၂၂၊ နိုဝင်ဘာ ၁၇ နေ့တွင် အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း (၅၇၇၄) အား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြန်လည်လွှတ်ပေးမည်ဟု အကြမ်းဖက်စစ်အုပ်စုမှ ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ စောင့်ကြည့်လေ့လာမှတ်တမ်းတင်ခဲ့ရာ ယခု ကြေညာချက်ထုတ်ပြန်ချိန်အထိ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား (၇၂) ဦးကိုသာ မှတ်တမ်းပြု ထားနိုင်လျက်ရှိသည်။ လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများမှာ နောက်ကြောင်းပြန်ပြစ်ဒဏ်ဆိုသည့် နှောင်ကြိုးဖြင့်သာလွှတ်ပေးခဲ့ ခြင်းဖြစ်ပြီး…









