ပြည်သူလူထုအား ဖိနှိပ်အုပ်ချုပ်ရာတွင် တရားဥပဒေကို လက်နက်သဖွယ်အသုံးပြုခြင်း

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ယနေ့ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် အကြမ်းဖက်စစ်အာဏာရှင်မှ ကိုလိုနီခေတ်ကာလ ကတည်းက ပြဋ္ဌာန်းခဲ့သည့် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကို ဆက်လက်ကျင့်သုံးခြင်း၊ ထပ်မံပြင်ဆင်ခြင်းနှင့် ဥပဒေအသစ်များရေးဆွဲ အတည်ပြုခြင်းတို့ကို ပြုလုပ်ကာ ၎င်းဥပဒေများကို လက်နက်သဖွယ်အသုံးချ၍ မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို စနစ်တကျ စဉ်ဆက်မပြတ် ကျူးလွန်နေသည့် အခြေအနေကို ရေးသား တင်ပြထားပါသည်။ “စစ်အာဏာရှင်တွေက မတရားတဲ့ဥပဒေတွေ၊ စစ်ကြောရေးစခန်းတွေ၊ အကျဉ်းထောင်တွေကို အသုံးချပြီး သူတို့ကို ပြည်သူလူထု မတော်လှန်ရဲအောင် အကြောက်တရားဝန်းကျင်ကို ဖန်တီးဖို့လုပ်ဆောင် နေကြ တယ်၊…









