ဖိနှိပ်မှုအောက်က မြန်မာ့အမျိုးသမီးများ

ဇန်နဝါရီ (၁) ရက်၊ ၂၀၂၆ နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ တိုးမြှင့်ပါဝင်လာမှုနှင့်အတူ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုများကြောင့် မတရား သဖြင့် ဖမ်းဆီးခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခံရခြင်း အစရှိသော လွတ်လပ်မှုနှင့် အသက်အန္တရာယ်ဆုံးရှုံးမှု အခြေအနေမျိုးစုံကို တွေ့ကြုံနေကြရသည်။ အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းမှု စတင်ချိန်မှ (၅) နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဆိုးရွားပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ပြီး အကာအကွယ်ရရှိမှု နည်းပါးသည့် ကလေးသူငယ်များ၊ အခြားနည်းဖြင့်သန်စွမ်းသူများနှင့် အမျိုးသမီးများမှာ အထူးအားဖြင့်…









