အေအေပီပီ ၂၆ နှစ်ပြည့် ထုတ်ဝေသည့်အစီရင်ခံစာ “နရသိန်တွင်းက အဖိနှိပ်ခံ အမျိုးသမီးများ”

နရသိန်တွင်းက အဖိနှိပ်ခံ အမျိုးသမီးများ မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးသမိုင်းမှာ ဘယ်ခေတ်၊ ဘယ်စနစ်အခါမှ နောက်ကျမကျန်ခဲ့တဲ့ မြန်မာနိုင်ငံ တိုင်း ရင်းသားပေါင်းစုံပါဝင်တဲ့ အမျိုးသမီးများဟာ နွေဦးတော်လှန်ရေးကာလမှာလည်း အလွှာအစုံ၊ နယ်ပယ်အစုံမှာ ရဲရင့်ပြောင်မြောက်စွာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြတယ်။ စစ်အုပ်စုရဲ့အရှိုက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ခဲ့တယ်။ တဖက်မှာ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ကိုဆန့်ကျင်တဲ့ ပြည်သူတွေ အသက်ပေါင်းများစွာကို လက်နက်မျိုးစုံ၊ နည်းမျိုးစုံနဲ့ လူမဆန်စွာ အသက်သေသည်အထိ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ပစ်ခဲ့ကြတယ်။ တိုက်ပွဲဝင်အမျိုးသမီးများရဲ့ ဘဝတွေ၊ အသက်တွေလည်း များစွာပေးဆပ်ခဲ့ကြရတယ်။ အာဏာလုယူမှု တနှစ်အတွင်းမှာပဲ အေအေပီပီက နွေဦးတော်လှန်ရေးအတွင်း…









