စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုများသည် ပို၍ အင်အားကောင်းလာသည်နှင့်အလျောက် ဆန္ဒထုတ်ဖော်သူများကို ဖိနှိပ်ခြင်းများ၊ အကြမ်းဖက်ခြင်းများကို အာဏာသိမ်းစစ်ကောင်စီမှ နေ့စဉ်ရက်ဆက် ကျူးလွန်လာသည်ကို တွေ့ရှိရသည်။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် မီးရထားစက်ခေါင်းမောင်းများသည် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ခရီးစဉ်ပြေးဆွဲခြင်းကိုရပ်နား၍ ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သော လှုပ်ရှားမှု(CDM)ကို ပြုလုပ်ခဲ့သည်။ သို့အတွက် ရထားမောင်းနှင်နိုင်ရန် စစ်တပ်မှ မိတ္ထီလာ ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်းမှ မီးရထားစက်ခေါင်းမောင်းအရာရှိ ဦးဇော်ကိုကိုမောင်၊ ဦးသန့်ဇင် နှင့်…








