စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

  ရက်စွဲ ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ် ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ကိုဆန့်ကျင်သည့် ပြည်သူလူထုများကို လက်နက်ကိုင်တပ်ဖွဲ့များက အင်အားသုံး ဖြိုခွင်းမှုများအား နယ်ဒေသများအပြင် ရန်ကုန်မြို့၌ပါပြုလုပ်လာပြီး ဖမ်းဆီးမှုများလည်း အများအပြား လုပ်ဆောင်လျက်ရှိ သည်။ အာဏာသိမ်းစစ်အုပ်စုသည် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူလူထုအပေါ် မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ၊ ရာဘာကျည်များ၊ ရေအမြှောက်များ၊ နံပါတ်တုတ်များသာမက အသက်သေစေနိုင်လောက်သော ကျည်အစစ်များကို အသုံးပြု၍ အကြမ်းဖက်ဖြိုခွင်းခြင်းများကို ယနေ့တွင် အဓိကမြို့ကြီးများဖြစ်သော ရန်ကုန် (မြေနီကုန်း၊ လှည်းတန်း၊ လှိုင်ဘူတာရုံလမ်း၊ ကမာ္ဘအေးဘုရားလမ်း မြန်မာပလာဇာရှေ့)၊ မန္တလေး…

ဖေဖော်ဝါရီ ၂၅ ရက်နေ့ထိ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၁ ခုနှစ် ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူများ ဝင်ရောက်၍မရအောင် နံနက်ပိုင်းမှ ညနေပိုင်းအထိ ပိတ်ထားသည့် ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားလမ်းပေါ်ရှိ အတားအဆီးမြားးကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် ထောက်ခံသူများ ချီတက်လာသည့်အခါ ရဲတပ်ဖွဲ့ဝင်များမှ ဖယ်ရှားပေးခဲ့သည်။ ၎င်းပြင် တပ်မတော်ထောက်ခံပွဲတွင် ပါဝင်သည့် ရနျကုနျဘူတာကွီးတှငျခန့်ရှိသော အဆိုပါလူများသည် ရန်ကုန်ဘူတာကြီးတွင် စုဝေးစီတန်းနေစဉ် ရပ်ကွက်နေပြည်သူများက သံပုန်းတီးပြီး ဆန့်ကျင်ကြောင်းပြသခဲ့ကြသည်။ ထို့ကြောင့် တပ်ထောက်ခံသူများမှ သိမ်ဖြူဈေးအနီးမြန်မာ့မီးရထားဝန်းအတွင်းသို့ ဝင်ရောက်၍ သံတုတ်၊ ဓား၊ လေးခွနှင့် ချွန်ထက်သော…

အကြမ်းဖက်ဖြိုခွင်းခံရခြင်းနှင့် ပတ်သက်၍ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု ဖြစ်စဉ်များ (၂၀၂၁ ခုနှစ်)

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ထိုအခြင်းအရာကို ဆန့်ကျင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား စစ်တပ် နှင့် ရဲတပ်ဖွဲ့တို့မှ ရက်စက်စွာဖြင့် အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ထိုကဲ့သို့ အကြမ်းဖက် နှိမ်နှင်းရာတွင် ကျည်ဆန်အစစ်၊ ရာဘာကျည် နှင့် မျက်ရည်ယိုဗုံးများကို အသုံးပြု၍ ဖြိုခွင်းခဲ့သည်သာမက မီးသတ်ပိုက်များ ဖြင့်ထိုးခြင်း၊ ကုံးသီး (သံမှိုမူလီကို သုံး​မြှောင့်ပုံစံပြုလုပ်ထားသည့် သံထည်ပစ္စည်း) ဖြင့် ပြည်သူများရှိရာ လူအုပ်အတွင်းသို့ ​လေးခွဖြင့် ပစ်ခတ်ခဲ့ခြင်း၊ လမ်းမများ​ပေါ်တွင် ပစ်ကျဲချထားခြင်းများကိုလည်း လုပ်​ဆောင်ခဲ့​ကြောင်းသိရှိရသည်။ ထို့ကြောင့် သေဆုံးမှုများအပြင် ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါသည်။ စစ်အာဏာသိမ်းအုပ်စု၏…

စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ကို ဆန့်ကျင်နေသည့် ဆန္ဒပြပြည်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေပါဝင်သည့်ဝန်ထမ်းများအား အသက်သေစေလောက်သည်အထိ အကြမ်းဖက် ဖြိုခွင်းမှုများကို ပြုလုပ်ခြင်း၊ ညအချိန်မတော်၌ နေအိမ်ခြံဝင်းများကို ချိုးဖျက်၍ လူဖမ်းပွဲများ ပြုလုပ်ခြင်း၊ ပြည်သူလူထုမတည်ငြိမ်ဖြစ်စေမည့် လှုံ့ဆော်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခြင်းများကို ဆောင်ရွက် လျက်ရှိရာ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ယနေ့အချိန်ထိ အသက်သေဆုံးခဲ့ရသူ၊ ဒဏ်ရာရရှိသူနှင့် မတရားဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက်မှာ နေ့စဉ်နှင့်အမျှ များပြားလာလျက်ရှိသည်။ ထို့အပြင် စတုတ္ထမဏ္ဍိုင်အဖြစ်…

စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုအား ဥရောပသမဂ္ဂကောင်စီက တညီတညွတ်တည်း ပြစ်တင်ရှုတ်ချကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ အလားတူ ကမာ္ဘ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ဥရောပသမဂ္ဂတို့မှလည်း မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်းနှင့် ဥပဒေဘောင်ဝင်သည့် အရပ်သားအစိုးရအား မူလအတိုင်းပြန်လည်ထားရှိရေး၊ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် ရွေးကောက်ခံခေါင်းဆောင်များနှင့် ထိန်းသိမ်းခြင်းခံထားရသူအားလုံးကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရေးအတွက် အခိုင်အမာ တောင်းဆိုထားသည်။ မြန်မာ့ဒီမိုကရေစီရေးနှင့် ဆန္ဒပြလှုပ်ရှား မှု၏ တောင်းဆိုချက်များနှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်များကိုလည်း နိုင်ငံတကာ…

စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အလွှာအသီးသီးမှ သန်းပေါင်းများစွာသော ပြည်သူများသည် ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်၌ ပူးပေါင်းပါဝင်၍ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အင်တာနက်လိုင်းများကို နံနက် ၁ နာရီအချိန်မှ ၉ နာရီအချိန်ထိ ပုံမှန် ဖြတ်တောက် လျက်ရှိရာမှ ယနေ့တွင် ရန်ကုန်မြို့ကို နံနက် ၁ နာရီအချိန်မှ နေ့လည် ၁၂ နာရီအချိန်အထိ ဖြတ်တောက် ထားခဲ့သည်။…

စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၁ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁ဝ ဖွဲ့က ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှု(CDM)ကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၎င်းကြေညာချက်မှာ အဆိုပါအဖွဲ့များ၏ ဒီမိုကရေစီရေးနှင့်ပတ်သက်၍ သိသာထင်ရှားသည့် ခြေလှမ်းတစ်ခုဖြစ်ပြီး ဒီမိုကရေစီအား ထောက်ခံသည့် လုပ်ရပ်ဖြစ်သည့်အလျောက် မြန်မာပြည်အနှံ့ မတူညီသောအစုအဖွဲ့များ၏ အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးကိုလည်း ထောက်ခံကြောင်းပြသခြင်း ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)မှလည်း စစ်တပ်နှင့်ရဲများက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော…

စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူလူထုသည် ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရသည်။ ယနေ့ နေ့လည်ခင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၌ ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှု(CDM) ပြုလုပ်နေသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရတနာပုံ သင်္ဘောကျင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များဝင်ရောက်ကာ လုပ်ငန်း လည်ပတ်ရန်လာရောက် ဖိအားပေးနေသည်ဟု ဆိုသဖြင့် လူထုက ဆန္ဒဖော်ထုတ်ရာမှ အကြမ်းဖက် ပစ်ခတ် နှိမ်နှင်းခြင်းခံခဲ့ရသည်။ ရဲ နှင့် စစ်တပ်မှ သေနတ်ဖြင့် အချက်(၁၀၀)ထက်မနည်း…

စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရင်း အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်းခံခဲ့ရသောကြောင့် ဦးခေါင်းတွင် ကျည်ထိမှန်သွားခဲ့သော အသက် (၁၉) နှစ်အရွယ်၊ ဒဿမတန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်သည် ယနေ့တွင် သေဆုံးသွားခဲ့သည်။ မမြသွဲ့သွဲ့ခိုင်ကို ၂၀၂၁ ခုနှစ်၏ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတို့အတွက် တိုက်ပွဲဝင်ရင်း ပထမဆုံးကျဆုံးသွားခဲ့သော အာဇာနည်တစ်ဦးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် တိုင်းနှင့်ပြည်နယ်အနှံ့ ဆန္ဒထုတ်ဖော်မှုများသည် အရှိန်အဟုန်ကြီးစွာဖြင့် ဆက်လက် မြင့်တက်လျက်ရှိခြင်းနှင့်အတူ အကြမ်းဖက်ဖြိုခွင်းမှုများ၊ ဖမ်းဆီးမှုများကိုလည်း နေရာအနှံ့တွေ့ရှိရသည်။ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊…

မမြသွဲ့သွဲ့ခိုင် ကျဆုံးမှုအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁ ခုနှစ် မမြသွဲ့သွဲ့ခိုင် ယနေ့ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူမအား ဆေးကုသပေးနေသည့် ဆရာဝန်များက အတည်ပြု ပြောကြားလိုက်သည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းအနေဖြင့် သူမ၏ မိသားစု၊ ချစ်ခင်ရသူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းစွာ ခံစားရပါသည်။ မြန်မာနိုင်ငံဒီမိုကရေစီအရေးတိုက်ပွဲဝင်သူတစ်ဦးအနေဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေပြည်တော်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေစဉ် ဦးခေါင်းသို့ ကျည်ဆံထိမှန်ကာ ကျဆုံးခဲ့ ရခြင်းဖြစ်သည်။ သူမသည် သူမ၏ မဲပေးပိုင်ခွင့်ကို အသက်နှင့်ရင်း၍ ကာကွယ်ခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့် ပထမဆုံးပေးဆပ်လိုက်ရသည့် အသက်တစ်ချောင်းဖြစ်ခဲ့ပြီး၊ နောက်ထပ်…