“အမှောင်ခေတ်မှတ်တမ်း (ထောင်ထဲမှ ကဗျာများ)” စာအုပ်မှ “ယုံကြည်ချက်အကျဉ်းသား” ကဗျာအား ဂုဏ်ပြုရွတ်ဖတ်ခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဦးဆောင်ကျင်းပခဲ့သည့် “အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများနေ့” အထိမ်းအမှတ်နှင့် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် “အမှောင်ခေတ်မှတ်တမ်း (ထောင်ထဲမှ ကဗျာများ)” စာအုပ်ထဲမှ ကဗျာများအား ဂုဏ်ပြုရွတ်ဖတ်ခဲ့ကြသည်။ သံတိုင်များနောက်မှ နိုင်ငံရေးအကျဉ်းသားများ၏ ရင်တွင်းခံစားချက်နှင့် ကြံ့ခိုင်သော စိတ်ဓာတ်များကို ဤကဗျာ သံစဉ်များမှတစ်ဆင့် အတူတကွ ခံစားနားဆင်နိုင်ရန် ပြန်လည်မျှဝေလိုက်ပါသည်။

ဤကဗျာများသည် စစ်အာဏာရှင်စနစ်အောက်ရှိ အကျဉ်းထောင်အသီးသီး၌ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကဗျာဆရာများ ကိုယ်တိုင် သံတိုင်များနောက်မှ ရေးဖွဲ့ခဲ့ကြခြင်းဖြစ်သည်။

ကဗျာအမည် – ယုံကြည်ချက်အကျဉ်းသား
ရေးစပ်သီကုံးသူ – နေညိုအေး
ရွတ်ဆိုသူ – အိအိဖြိုး
နောက်ခံဂီတ- Daniel Saw, Hsat Pine, Zu Zu
Video edited by Alien

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)