“အုတ်ရိုးကြားမှ ရှင်သန်နေသောဘဝများ”

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း အကျဉ်းသားတွေ နေထိုင်ရမှုဘဝကို ‘လူရှင်တို့ရဲ့သင်္ချိုင်း” လို့ ထောင်ထဲကလူတွေက ခိုင်းနှိုင်းကြသလို ထောင် အုတ်ရိုးရဲ့အပြင်ဘက်ကိုတော့ ‘လူ့ပြည်’ လို့ တင်စား ခေါ်ဝေါ်လေ့ရှိကြပါတယ်။
အခု ၂၀၂၁ နောက်ပိုင်းကာလများမှာတော့ နိုင်ငံရေးအကျဉ်းသားများဟာ လူရှင်တို့ရဲ့သင်္ချိုင်းမှသည် အသက်ရှင်လျက် ထောင်အပြင်ပြန်ရောက်နိုင်ဖို့ကို သတိကြီးကြီးနဲ့ ရုန်းကန်ရှင်သန်နေကြရပါတယ်။
ဒါကို အခု “အုတ်ရိုးကြားမှ ရှင်သန်နေသောဘဝများ- နိုင်ငံရေးအကျဉ်းသားများ၏ ဘာမထီ စိတ်ဓာတ်နှင့် ရင်ဆိုင်ကျော်လွှား မာန်စွမ်းအား” အစီရင်ခံစာက ညွှန်ပြနေပါတယ်။
ဒီအစီရင်ခံစာဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အကျဉ်းထောင်အသီးသီးက အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၂၇ဦးရဲ့ ကိုယ်တိုင်တွေ့ကြုံဖြတ်သန်းမှုများမှ ထုတ်နှုတ် တင်ပြထားတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများဟာ အကျဉ်းထောင်ထဲကို စတင်ဝင်ရောက်တဲ့ အချိန်ကစလို့ လုံခြုံရေးအကြောင်းပြ ရှာဖွေရေးလုပ်တဲ့အခါ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကျူးလွန်ခံရမှုတွေကို နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ကိုယ်တွေ့ ဖြစ်ရပ်များနဲ့ အသေးစိတ် ဖေါ်ပြထားပါတယ်။
အစီရင်ခံစာအပြည့်အစုံကို ဒေါင်းလော့ရယူရန် “အုတ်ရိုးကြားမှ ရှင်သန်နေသောဘဝများ”
