ကျုံပျော်မြို့နယ်နှင့်အင်္ဂပူမြို့နယ်အတွင်းရှိ ကွာရင်တင်းမ်စင်တာ များတွင်ဆွေးနွေးဟောပြောမည့် အစီအစဉ်များ အားထုတ်ပြန်ခြင်း

ရက်စွဲ။      ။ ၈ မေ ၂၀၂၀ ရောဂါထိမ်းချုပ်ရေးစခန်းများတွင် နေထိုင်နေရသော ပြည်သူများ နှင့် စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ ၏ စိတ်ဖိစီးမူများလျော့ပါးစေရေး နှင့် စိတ်ခွန်အား ဖြစ်ပေါ်စေရန်၊  ၎င်းတို့အနေဖြင့် ကိုဗစ်ကာကွယ်ရေး နှင့် ပတ်သက်ပြီး ပိုမိုသိရှိနားလည်ပြီး လိုက်နာကျင့်သုံးစေရန် ရည်ရွယ်၍ မိမိကိုယ်မိမိစောင့်ရှောက်ခြင်း နှင့် စိတ်ခွန်အားဖြည့်ဟောပြောပွဲများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ပြုလုပ်လျက်ရှိပါသည်။ ဧပြီလအတွင်းတွင် ပဲခူးတိုင်းအတွင်းရှိ ပဲခူး၊ ရေတာရှည်၊ တောင်ငူ၊ ဆွာ၊ ညောင်လေးပင်၊…

အေအေပီပီမှ ကိုဗစ်ကာလ စိတ်ခွန်အားမြှင့်တင်ပေးရေးဆွေးနွေးဟောပြောပွဲဆက်လက်ကျင်းပ

၂၆ ဧပြီလ ၂၀၂ဝ နေ့နံနက်ပိုင်းတွင်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောင်ဆယ်လာ စာရေးဆရာမ နှင်းပန်းအိမ်မှ အုတ်တွင်းမြို့နယ် ကျွဲပွဲကျေးရွာ နှင့် ဖြူးမြို့နယ် ဇေယျဝတီ ရောဂါထိန်းချုပ်ရေးစင်တာတို့တွင်စောင့်ရှောက်မှုခံယူနေသည့် ပြည်သူပြည်သားများအား စိတ်ခွန်အားဖြစ်စေမည့်စကားများဖြင့်ဆွေးနွေး ဟောပြောပေးခဲ့ပါသည်။ ထို့အပြင် ကဗျာဆရာနှင်းခါးမိုးမှလည်း အားဖြည့်ကူညီပြီး စိတ်ဓါတ်ခွန်အားဖြစ်စေမည့် ကဗျာများရွတ်ဆိုပြခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး၏လွတ်ငြိမ်းသက်သာဖြင့်ပြန်လည်လွတ်မြောက်လာသည့်စာရင်းအားထုတ်ပြန်

  ယခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ၁ရ ဧပြီလ ၂၀၂ဝ နေ့တွင် နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းသက်သာခွင့်ဖြင့်အကျဉ်းသား (၂၄၈၉၆) ဦးအား လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါသည်။ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းအေအေပီပီအနေဖြင့် တင်ပြထားသည့် နိုင်ငံရေးအကျဉ်းသားများအနက်မှ ၂၆ လွတ်မြောက်လာခဲ့ပါသည်။ ယခုအခါတွင်လက်ကျန်နိုင်ငံရေးအကျဉ်းသား၅ဝ ဦးကျန်ရှိနေသေးကြောင်းဖော်ပြပါသည်။  ဒေါငျးလော့ရယူရနျ 26 released PP list (Updated 4 May, 2020) ဒေါင်းလော့လင့် လက်ကျန်နိုင်ကျဉ်းစာရင 50 Remaining PP list (Updated 4 May, 2020)burmese  

အေအေပီပီမှ ကိုဗစ်ကာလရောဂါထိန်းချုပ်ရေးစင်တာများတွင်စိတ်ခွန်အားမြှင့်တင်ရေးဆွေးနွေးပွဲများဆက်လက်ပြုလုပ်

  ၂၄ ရက် ဧပြီလ ၂၀၂ဝ နေ့တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)နှင့် ပဲခူးအရှေ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS-EB),အနာဂတ်အလင်းတန်းဆုံမှတ်(FLC-Bago)တို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နှင့်ကျောက်တံခါးမြို့နယ်ရှိ ရွှေ့ပြောင်းလုပ်သား နေရပ်ပြန်များကို စောင့်ကြည့်စောင့်ရှောက်ပေးနေသော စင်တာ (၂)ခုတွင်စိတ်ခွန်အားဖြစ်စေရန် စာရေးဆရာမနှင်းပန်းအိမ်မှ ဆွေးနွေးဟောပြောပွဲများပြုလုပ်ပေးခဲ့ပါသည်၊ အဆိုပါဆွေးနွေးပွဲများအား သက်ဆိုင်ရာစင်တာများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားရှိပါသည်။

အေအေပီပီမှကိုဗစ်ရောဂါထိန်းချုပ်ရေးစင်တာများတွင်စိတ်ခွန်အားမြှင့်တင်ရေးဟောပြောပွဲများဆက်လက်ပြုလုပ်

၂၂ ဧပြီလ ၂၀၂ဝ နေ့တောင်ငူမြို့(၇)ရပ်ကွက်ထောင်လမ်းရှိဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းဟောင်းအတွင်း FQ ဝင်နေကြသောသူများအားနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး AAPPအဖွဲ့ နှင့်အတူ ဆရာမနှင်းပန်းအိမ်မှ စိတ်ဓာတ်ခွန်အားဖြစ်စေမည့်အားပေးစကားများလာရောက်ပြောကြားခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်ရောဂါထိန်းချုပ်ရေးစင်တာ (၂) ခုတွင် အေအေပီပီမှ စိတ်ဓါတ်ခွန်အားမြှင့်တင်ရေးဆွေးနွေးဟောပြော

ပဲခူးတိုင်းဒေသကြီး ရေတာရှည်အထက်တန်းကျောင်းနှင့် ဆွာအထက်တန်းကျောင်းတို့တွင် ထားရှိသည့်ကိုဗစ်ရောဂါထိန်းချုပ်ရေးစင်တာများတွင်ထားရှိသည့် မိဘပြည်သူများအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းအေအေပီပီမှ ကောင်ဆယ်လာ စာရေးဆရာမ နှင်းပန်းအိမ်မှ စိတ်ဓါတ်ခွန်အားမြှင့်တင်ပေးရေး ဟောပြောဆွေးနွေးပေးခဲ့ပါသည်။ ကိုအောင်မျိုးကျော်၊လွတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့် မြို့နယ်ဆရာဝန်ကြီးနန်ဒညီဆွေ မြို့နယ်ထွေအုပ်ဦးမင်းနိုင်အောင် တို့မှ အားပေးစကားများပြောကြားပေးခဲ့ပါသည်။

သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၆) နှစ်ပြည့် အပြာရောင်လှုပ်ရှားမှု

          သူငယ်ချင်းမိတ်ဆွေများခင်ဗျား ၂ဝ ဧပြီလ ၂၀၂၀။ ကိုဗစ် ၁၉ ဗိုင်းရပ်ပိုးသည် ကမာ္ဘတစ်ဝှမ်းတွင် လူနှစ်သန်းကျော်ကို ကူးစက်နေပြီး လူတစ်သိန်းကျော် အသက်ဆုံးရှူံးရပြီး ဖြစ်နေပါသည်။ မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါပိုးတွေ့ရှိသူ ၁၁၁ ဦး ရှိနေပြီး ကပ်ရောဂါတိုက်ဖျက်ရေး အတွက် အစွမ်းကုန်တိုက်ဖျက်နေသည်ကို တွေ့ရှိရပါသည်။ ကိုဗစ်ကိုတိုက်ဖျက်ရာတွင် အကျဉ်းထောင်ကို ထည့်သွင်းစဉ်းစားရန် နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် အေအေပီပီအပါအဝင် အခြားသော အဖွဲ့အစည်းများမှလည်း အစိုးရအားတိုက်တွန်းခဲ့သည်။ အစိုးရဖက်မှလည်း အကျဉ်းထောင်တွင်း လူဦးရေလျှော့ချ…

ပဲခူးမြို့ရှိ ရောဂါထိန်းချုပ်ရေးစင်တာ နှစ်ခုတွင် ပြုလုပ်ခဲ့သော်အေအေပီပီ မှ စိတ်ခွန်အားဖြစ်စေသည့်ဆွေးနွေးဟောပြောပွဲ


နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းခွင့်အပေါ်သဘောထားထုတ်ပြန်ချက်

Date: Friday 17th 2020 ယနေ့ထုတ်ပြန်ကြေငြာသည့် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းခွင့် အမိန့်အား မိမိတို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေအသင်းမှ ကြိုဆိုပါသည်။ သို့ရာတွင် ယင်းလွတ်ငြိမ်းခွင့်၌ နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု နည်းပါးနေခြင်း အပေါ် စိုးရိမ်မှု ဖြစ်စေပါသည်။ ယခုအချိန်ထိ စုဆောင်းရရှိသော အချက်အလက်များအရ နိုင်ငံရေး အကျဉ်းသား ၁၈ဦးပါဝင်းပြီး ၅၈ဦးမှာ အကျဉ်းထောင်များအတွင်း ကျန်ရှိနေဆဲ ဖြစ်ပါသည်။ ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် မိမိတို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး…

လိုအပ်နေသော ကွက်လပ်များအတွက် AAPP ၏ အွန်လိုင်း စိတ်ပိုင်းဆိုင်ရာ အကြံပေးခြင်းအစီအစဉ်မှ ဝန်ဆောင်မှုများ ထပ်မံတိုးမြှင့်ခြင်း

  နေ့စွဲ။ ။ ဧပြီ၊ ၁၃၊ ၂၀၂၀။ ၁။ COVID-19 ထိန်းချူပ်စင်တာ (Quarantine center) များတွင်လုပ်အားပေးကြမည့် volunteer များအတွက် Psychosocial Supporter သင်တန်းကိုonline မှ လေ့ကျင့်ပေးခြင်း ၂။ အဖွဲ့အစည်းများမှ ဖိတ်ခေါ်ပါက Stress management, Coping skills and Self-Care workshop/ training ကို online မှ သင်ကြားပေးခြင်း။ စသည်တို့ကို ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယခုမှ…