မတရားစစ်အာဏာလုချိန်မှ အစပြု၍ ရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ စစ်ကြောရေး၊ တရားစီရင်ရေးနှင့် အကျဉ်းစံ အတွေ့အကြုံများ

ယနေ့ မတ် ၂၃ ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) စတင် ဖွဲ့စည်း ထူထောင်ခဲ့သည်မှာ (၂၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ စတင်ထူထောင်ချိန်မှစ၍ ၂၂ နှစ်တာကာလအတွင်း AAPP အနေဖြင့် နိုင်ငံရေးအကျဉ်းသားအရေး၊ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အစဉ်တစိုက်လေ့လာစောင့်ကြည့် မှတ်တမ်းတင်မှုများ၊ ထုတ်ပြန်မှုများကို ပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့၊ ၂၀၂၁ ခုနှစ် စစ်အုပ်စု၏ မတရားအာဏာလုယူမှုနောက်ပိုင်း မြန်မာနိုင်ငံ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များ၏ အခြေအနေမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားလာခဲ့သည်ကို…









