နိုင်ငံရေးအကျဉ်းသား (၄) ဦးကို တရားလက်လွတ် သေဒဏ်စီရင်ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ပြီးခဲ့သော သတင်းပတ်တွင် သေဒဏ်ပေးလိုက်ပြီးဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်[1] ယနေ့ထုတ်ပြန်လိုက် သည့် သတင်းကြောင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်းအနေဖြင့် အထူးဝမ်းနည်း ကြေကွဲရပါသည်။ မတရားသဖြင့် တိုင်းပြည်အာဏာကို လုယူထားသည့် အကြမ်းဖက်စစ်အုပ်စုသည် ထိုနိုင်ငံရေးအကျဉ်းသား (၄) ဦးကို ဖမ်းဆီးခဲ့ပြီး ဥပဒေဘောင်မဝင်သော တရားရုံးတွင် စစ်ဆေးခဲ့ကြသည်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ နှိပ်စက်ခဲ့ကြပြီး အတင်းအကြပ် ဝန်ခံထွက်ခိုင်းစေမှုများ လုပ်ခဲ့ကြသည်။ အကျဉ်းဦးစီးဌာနနှင့်…









