စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်


အကြောင်းအရာ စာထည့်ရန်
ရက်စွဲ – အောက်တိုဘာ ၈ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာ ၈ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၅၁၃) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၀၇၆) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၉၇၀) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၃၃) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁၀) ဦးနှင့် အမျိုးသား (၄၆) ဦး၊ စုစုပေါင်း (၅၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အဆိုပါအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေး (၆) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် မကွေးတိုင်းမှာ (၂၆) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်သည်။ အဆိုပါကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့်အရပ်သား (၈၁) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
အောက်တိုဘာလ ၄ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ကက္ကူကြီးကျေးရွာ၌နေထိုင်သော ကိုဇော်ဇော်နှင့် ကိုမင်းအောင်တို့နှစ်ဦးသည် လယ်ယာလုပ်ငန်းလုပ်ကိုင် ပြီး ပြန်လာချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏တပ်က ၎င်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)များ ဖြစ်သည်ဟုစွပ်စွဲပြီး ဖမ်းဆီးခဲ့သည်။ အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းအချိန်တွင် အဆိုပါတပ်က ၎င်းတို့နှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
