ပြခန်း Virtual Tour
သတိပြုရန်: စိတ်မချမ်းမြေ့စရာ အကြောင်းအရာများ ပါဝင်နိုင်ပါသည်။
အေအေပီပီမှာ မြန်မာပြည်သူတွေရဲ့လွတ်မြောက်ရေးနဲ့ မြန်မာပြည်ဒီမိုကရေစီရေးအတွက် အစဉ်အဆက်တိုက်ပွဲဝင်ခဲ့တဲ့၊ စစ်အာဏာရှင်ရဲ့အကျဉ်းထောင်တွေထဲမှာ ဒီကနေ့အထိ တိုက်ပွဲဝင်အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ရင်းနှီးပေးဆပ်မှုတွေကို နိုင်ငံတကာနဲ့ အများပြည်သူသိရှိစေဖို့၊ မမေ့လျော့စေဖို့အတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ပြခန်းငယ်လေး တခု ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ရှိပါတယ်။
ပြခန်းမှာ သမိုင်းဝင်လှုပ်ရှားမှုဓာတ်ပုံတွေ၊ အကျဉ်းသားတွေရဲ့ အကျဉ်းထောင် မှတ်တမ်းတွေ၊ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်ကြီးရဲ့ ပုံစံငယ်တခုအပြင် အကျဉ်းတိုက်ခန်းပုံစံတူတခန်းတို့နဲ့အတူ ထောင်တွင်းမှာ အကျဉ်းသားတွေကိုယ်တိုင် ဖန်တီးထုတ်လုပ်အသုံးပြုခဲ့တဲ့ လက်မှုပစ္စည်းတွေကို ပြသထားပါတယ်။
ဒါ့အပြင် အကျဉ်းထောင်အတွင်းမှာ မတရားစီရင် သတ်ဖြတ်ခံလိုက်ရတဲ့ ကျောင်းသားလူငယ်တွေနဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ အာဟာရချို့တဲ့မှုတွေကြောင့် အကျဉ်းထောင်အသီးသီးမှာ ကျဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အောက်မေ့သတိရစေဖို့အတွက်လည်း ဂုဏ်ပြုဖော်ပြထားပါတယ်။
ပြခန်းကို လာရောက်လည်ပတ်သူတွေဟာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေရဲ့ သမိုင်းဝင်လှုပ်ရှားမှုတွေနဲ့ အကျဉ်းထောင်အတွင်းမှာ နေ့စဉ်ဖြတ်သန်းနေကြရတဲ့ သူတို့ရဲ့တကယ့်လက်ရှိဘဝတွေအကြောင်း နားလည်ခံစားကြရမှာဖြစ်ပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့အတူ သူတို့ရဲ့အတွေ့အကြုံတွေ၊ ခံစားချက်တွေကို တရင်းတနှီး လူကိုယ်တိုင် တွေ့ဆုံမေးမြန်း ဆွေးနွေးခွင့်ရရှိနိုင်တာပဲဖြစ်ပါတယ်။ ထို့အတူ အေအေပီပီရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ပိုမိုသိရှိ လေ့လာခွင့် ရရှိကြမှာဖြစ်ပါတယ်။
သတိပြုရန်: စိတ်မချမ်းမြေ့စရာ အကြောင်းအရာများ ပါဝင်နိုင်ပါသည်။
