စစ္အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေန႔စဥ္ထုတ္ျပန္ခ်က္ အက်ဥ္းခ်ဳပ္

ရက္စြဲ ေဖေဖာ္ဝါရီလ ၁၀ ရက္၊ ၂၀၂၁ ခုႏွစ္
ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔တြင္ လူထုမွ စစ္အာဏာရွင္ကို ၿငိမ္းခ်မ္းစြာျဖင့္ ဆက္လက္ ဆန႔္က်င္ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။ ထိုကဲ့သို႔ဆႏၵထုတ္ေဖာ္မႈတြင္ မႏၲေလးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး ႏွင့္ ေနျပည္ေတာ္ေကာင္စီ၊ ေနျပည္ေတာ္တို႔ တြင္ ဝန္ထမ္းမ်ားသည္ Civil Disobedience Movemnt (CDM) တြင္ ရာႏႈန္းျပည့္နီးပါး ပူးေပါင္းပါဝင္၍ ဆႏၵထုတ္ေဖာ္ခဲ့ ၾကသည္။
ထူးျခားမႈအေနျဖင့္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕၊ ဆႏၵျပပြဲတြင္ ရဲတပ္ဖြဲ႕ဝင္ ၄၀ ဦးသည္ ျပည္သူႏွင့္အတူပူးေပါင္း၍ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။ ထို႔ေၾကာင့္ အျခားရဲတပ္ဖြဲ႕ အရာရွိမ်ား ႏွင့္ ရဲတပ္ဖြဲ႕ဝင္ ၃၀ ဦးမွ အဆိုပါရဲတပ္ဖြဲ႕ဝင္မ်ားအား လိုက္လံဖမ္းဆီးေသာ္လည္း ျပည္သူလူထုမွ ကာကြယ္ေပးေသာေၾကာင့္ လြတ္ေျမာက္သြားခဲ့သည္။
ထို႔ျပင္ ည ၈ နာရီအခ်ိန္တိုင္း အနယ္နယ္အရပ္ရပ္မွ ျပည္သူမ်ားသည္ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ေၾကာင္း သံပုံးတီး၍ ဆက္လက္ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။
ေနာက္ဆုံးရရွိသည့္သတင္းမ်ားအရ ေနျပည္ေတာ္ေကာ္စီနယ္ေျမ၊ ေနျပည္ေတာ္တြင္ ရဲတပ္ဖြဲ႕မွ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ ဒဏ္ရာရရွိသူ ေလးဦးအနက္ သုံးဦးျဖစ္ၾကသည့္ မျမသြဲ႕သြဲ႕ခိုင္၏ အစ္မျဖစ္သူ မျမသီတာမိုး၊ ကိုဝင္းထက္မိုး ႏွင့္ ကိုစိုးေဝ တို႔သည္ ယမန္ေန႔ကတည္းက ေဆး႐ုံမွဆင္းခဲ့ၿပီျဖစ္ေၾကာင္းသိရွိရသည္။ ဦးေခါင္းေသနတ္ဒါဏ္ရာရရွိခဲ့သည့္ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသူ မျမသြဲ႕သြဲ႕ခိုင္မွာမူ စိုးရိမ္ရဆဲအေျခအေနရွိေနဆဲျဖစ္သည္။
ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ ဖမ္းဆီးမႈမ်ားအေနျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္ ဒုတိယနာယက ဦးထြန္းထြန္းဟိန္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္၊ ကရင္ျပည္နယ္ စီမံ၊ဘ႑ာ၊စည္ပင္ဝန္ႀကီး ဦးသန္းႏိုင္ႏွင့္ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုတို႔ကို လာေရာက္ ဖမ္းဆီး ေခၚေဆာင္သြား ေၾကာင္း သိရွိရသည္။ ၎ျပင္ အရပ္သား ႏွင့္ တက္ႂကြလႈပ္ရွားသူမ်ားအပါအဝင္ စုစုေပါင္း (၁၁) ဦးသည္ ဖမ္းဆီး ေခၚေဆာင္သြားျခင္းခံထား ရသည္။
ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ ထပ္မံဖမ္းဆီးမႈမ်ားအေနျဖင့္ ကခ်င္ျပည္နယ္တြင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္း ေရး ဝန္ႀကီး ဦးဒါရွီလွဆိုင္းအပါအဝင္ စုစုေပါင္း (၁၆) ဦးသည္ ဖမ္းဆီးျခင္းခံခဲ့ရသည္။ တရားစြဲဆိုမႈအေနျဖင့္ ရခိုင္ ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးမင္းေအာင္ ႏွင့္ NLD ပါတီဝင္ ကိုသန႔္ဇင္ၿဖိဳးတို႔သည္ သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒျဖင့္ အမႈဖြင့္ျခင္းခံထားရေၾကာင္းသိရွိရသည္။
ထို႔ျပင္ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ကတည္းက စီမံကိန္း၊ ဘ႑ာေရး ႏွင့္ စက္မႈဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ႏွစ္ဦးျဖစ္သည့္ ေဒါက္တာ ဦးမင္းရဲပိုင္ဟိန္း ႏွင့္ ဦးဆက္ေအာင္၊ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းမွ အလုပ္အမႈေဆာင္ႏွစ္ဦးျဖစ္သည့္ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အႀကံေပးအဖြဲ႕ဝင္ ဦးမိုးေဇာ္ဦး၊ Myanmar Book Centre ပိုင္ရွင္ႏွင့္ စာအုပ္ထုတ္ေဝသူ ေဒါက္တာသန႔္ေသာ္ေကာင္းတို႔သည္ ဖမ္းဆီးျခင္းခံထားရသည္။
မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕တြင္ ယမန္ေန႔ကဖမ္းဆီးျခင္းခံထားရသည့္ အရပ္သား ဦးဆန္းၫြန႔္အပါအဝင္ (၈၉) ဦးသည္ ယေန႔တြင္ ခံဝန္လက္မွတ္ထိုးကာ ျပန္လည္ လြတ္ေျမာက္လာခဲ့သည္။ ထို႔ျပင္ ပုသိမ္ႀကီးၿမိဳ႕နယ္ရဲစခန္းမွ မႏၲေလး တြင္ ဖမ္းဆီးထားသည့္ အရပ္သား ၆၀ ဦးခန႔္ကို ျပန္လည္လႊတ္ေပးခဲ့ေၾကာင္းသိရွိရသည္။
သို႔ျဖစ္၍ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ စုစုေပါင္း ဖမ္းဆီး၊ထိန္းသိမ္းျခင္းခံထားရသူ (၂၂၀) ဦးထိရွိခဲ့ၿပီျဖစ္ၿပီး၊ ၎တို႔အနက္မွ (၂) ဦးသည္ ေထာင္ဒဏ္ (၂) ႏွစ္စီ ခ်မွတ္ျခင္းခံထားရကာ (၂၀) ဦးမွာ ျပန္လည္ လြတ္ေျမာက္လာခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိအခ်ိန္ထိ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၂) ဦးအပါအဝင္ (၂၀၀) ဦး မွာ ဆက္လက္ ထိန္းသိမ္းျခင္း ခံေနရဆဲျဖစ္သည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊တရားစြဲဆို၊ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္သည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)

ရက်စွဲ ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လူထုမှ စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာဖြင့် ဆက်လက် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုကဲ့သို့ဆန္ဒထုတ်ဖော်မှုတွင် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် နေပြည်တော်ကောင်စီ၊ နေပြည်တော်တို့ တွင် ဝန်ထမ်းများသည် Civil Disobedience Movemnt (CDM) တွင် ရာနှုန်းပြည့်နီးပါး ပူးပေါင်းပါဝင်၍ ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ 

ထူးခြားမှုအနေဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင် ၄၀ ဦးသည် ပြည်သူနှင့်အတူပူးပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ကြောင့် အခြားရဲတပ်ဖွဲ့ အရာရှိများ နှင့် ရဲတပ်ဖွဲ့ဝင် ၃၀ ဦးမှ အဆိုပါရဲတပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးသော်လည်း ပြည်သူလူထုမှ ကာကွယ်ပေးသောကြောင့် လွတ်မြောက်သွားခဲ့သည်။ 

ထို့ပြင် ည ၈ နာရီအချိန်တိုင်း အနယ်နယ်အရပ်ရပ်မှ ပြည်သူများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သံပုံးတီး၍ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

နောက်ဆုံးရရှိသည့်သတင်းများအရ နေပြည်တော်ကော်စီနယ်မြေ၊ နေပြည်တော်တွင် ရဲတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိသူ လေးဦးအနက် သုံးဦးဖြစ်ကြသည့် မမြသွဲ့သွဲ့ခိုင်၏ အစ်မဖြစ်သူ မမြသီတာမိုး၊ ကိုဝင်းထက်မိုး နှင့် ကိုစိုးဝေ တို့သည် ယမန်နေ့ကတည်းက ဆေးရုံမှဆင်းခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။ ဦးခေါင်းသေနတ်ဒါဏ်ရာရရှိခဲ့သည့် ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ မမြသွဲ့သွဲ့ခိုင်မှာမူ စိုးရိမ်ရဆဲအခြေအနေရှိနေဆဲဖြစ်သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဖမ်းဆီးမှုများအနေဖြင့် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကရင်ပြည်နယ် စီမံ၊ဘဏ္ဍာ၊စည်ပင်ဝန်ကြီး ဦးသန်းနိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကို လာရောက် ဖမ်းဆီး ခေါ်ဆောင်သွား ကြောင်း သိရှိရသည်။ ၎င်းပြင် အရပ်သား နှင့် တက်ကြွလှုပ်ရှားသူများအပါအဝင် စုစုပေါင်း (၁၁) ဦးသည် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံထား ရသည်။ 

ဖေဖော်ဝါရီလ ၉ ရက်နေ့ ထပ်မံဖမ်းဆီးမှုများအနေဖြင့် ကချင်ပြည်နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီး ဦးဒါရှီလှဆိုင်းအပါအဝင် စုစုပေါင်း (၁၆) ဦးသည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ တရားစွဲဆိုမှုအနေဖြင့် ရခိုင် ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင် နှင့်  NLD ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့သည် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်ခြင်းခံထားရကြောင်းသိရှိရသည်။ 

ထို့ပြင် ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှစ်ဦးဖြစ်သည့် ဒေါက်တာ ဦးမင်းရဲပိုင်ဟိန်း နှင့် ဦးဆက်အောင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်နှစ်ဦးဖြစ်သည့် ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး၊ Myanmar Book Centre ပိုင်ရှင်နှင့် စာအုပ်ထုတ်ဝေသူ ဒေါက်တာသန့်သော်ကောင်းတို့သည် ဖမ်းဆီးခြင်းခံထားရသည်။ 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ယမန်နေ့ကဖမ်းဆီးခြင်းခံထားရသည့် အရပ်သား ဦးဆန်းညွန့်အပါအဝင် (၈၉) ဦးသည်  ယနေ့တွင် ခံဝန်လက်မှတ်ထိုးကာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့ပြင် ပုသိမ်ကြီးမြို့နယ်ရဲစခန်းမှ မန္တလေး တွင် ဖမ်းဆီးထားသည့် အရပ်သား ၆၀ ဦးခန့်ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရှိရသည်။ 

သို့ဖြစ်၍ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသူ (၂၂၀) ဦးထိရှိခဲ့ပြီဖြစ်ပြီး၊ ၎င်းတို့အနက်မှ (၂) ဦးသည် ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခြင်းခံထားရကာ (၂၀) ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂) ဦးအပါအဝင် (၂၀၀) ဦး မှာ ဆက်လက် ထိန်းသိမ်းခြင်း ခံနေရဆဲဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

Recent Arrests List (Last Updated on 10 Feb 21)