နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံးပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်သည်။ (ဩဂုတ် ၂၀၁၄)

Political Prisoners Post-Coup
31456
Total Arrested
22429
Still Detained including Sentenced
8156
Killed by Junta
9027
Released
13 july, 2026

ဗီဒီယို နှင့် မှတ်တမ်း ဗီဒီယိုများ

အကျဉ်းထောင်ထဲမှ လူမဆန်သော ဘဝများ

လက်ရှိမြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအနှံ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာဖြစ်ပါတယ်။ အဲဒီထဲကမှ ကမ္ဘာကရော၊ နိုင်ငံကရော၊ လူ့လောကတစ်ခုလုံးကပါ လူမသိသူမသိ ချိုးဖောက်ခံနေရဆုံးနေရာက အကျဉ်းထောင်တွေဖြစ်ပါတယ်။