ပြခန်း Virtual Tour
သတိပြုရန်: စိတ်မချမ်းမြေ့စရာ အကြောင်းအရာများ ပါဝင်နိုင်ပါသည်။
အေအေပီပီမှာ လွတ်လပ်ပြီး ဒီမိုကရေစီကျတဲ့ မြန်မာနိုင်ငံအတွက် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အောက်မေ့သတိရဖို့ ရည်စူးထားတဲ့ ပြခန်းငယ်လေးနှစ်ခု ရှိပါတယ်။ ပြခန်းတစ်ခုက မြန်မာနိုင်ငံ၊ ရန်ကုန်မှာရှိပြီး နောက်တစ်ခုက ထိုင်းနိုင်ငံ၊ မဲဆောက်မှာ ရှိပါတယ်။ ပြခန်းမှာ ဓာတ်ပုံတွေ၊ အကျဉ်းသားမှတ်တမ်းတွေ၊ အင်းစိန်ထောင်ရဲ့ ပုံစံငယ်တစ်ခု၊ ထောင်ခန်းပုံစံတူတစ်ခုနဲ့ ထောင်ထဲမှာ နိုင်ငံရေးလှုပ်ရှားသူတွေ ပြုလုပ်အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ပြသထားပါတယ်။ ပြခန်းမှာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အာဟာရချို့တဲ့မှုတွေကြောင့် ထောင်ထဲမှာ သေဆုံးသွားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကိုလည်း အောက်မေ့သတိရနေစေရန် ဖြစ်ပါတယ်။ ပြခန်းကို လာရောက်လည်ပတ်သူတွေဟာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေရဲ့ သမိုင်းကြောင်းနဲ့ ထောင်ထဲမှာ သူတို့ရဲ့ဘဝတွေအကြောင်း အကျဉ်းချုံး လေ့လာနိုင်မှာ ဖြစ်ပါတယ်။ လာရောက်လည်ပတ်သူတွေဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဒီအတွေ့အကြုံတွေအကြောင်း ဆွေးနွေးခွင့်နဲ့ အေအေပီပီ ရဲ့ လုပ်ငန်းဆောင်တာတွေအကြောင်း ပိုမိုလေ့လာခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။
သတိပြုရန်: စိတ်မချမ်းမြေ့စရာ အကြောင်းအရာများ ပါဝင်နိုင်ပါသည်။
