⁨၂၀၂၆၊ စက်တင်ဘာ တလတာအနှစ်ချုပ်အစီရင်ခံစာ

⁨၂၀၂၆၊ စက်တာဘာ ၁ ရက်မှ ၃၀ ရက်ထိ

အောက်တိုဘာလ ၃ ရက်၊ ၂၀၂၆ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူ (၈) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၉၇) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်တွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၃) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၀၇) ဦး ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

“မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တွေဟာ ယူနီဖောင်းအမျိုးမျိုးပြောင်းပြီး နိုင်ငံတော်အာဏာကို လုယူနေကြတာပါ။ အဲဒီလို နေရာယူနိုင်ဖို့ကိုလည်း အခြားသော အာဏာရှင်နိုင်ငံများနဲ့ အိမ်နီးချင်းနိုင်ငံတချို့က ကူညီပေးနေကြတာပါ။ ယူနီဖောင်းဘယ်လိုပြောင်းပြောင်း စစ်အုပ်စုရဲ့ အမူအကျင့်တွေက ပြောင်းလဲမသွားပါဘူး။ သူတို့ဟာ အပြစ်မဲ့ပြည်သူတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်နေဆဲပါ။ ပြည်သူရွေးချယ်ထားတဲ့ နိုင်ငံတော်ခေါင်းဆောင်တွေကို မတရားဖမ်းဆီးထားဆဲပါ။ သူတို့ကျူးလွန်နေတာဟာ လူသားဖြစ်တည်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု တွေပါ။ ဒါပေမဲ့ တချို့သော အင်အားကြီးနိုင်ငံများ အပါအဝင် အိမ်နီးချင်းနိုင်ငံတချို့ကြောင့် စစ်ခေါင်းဆောင်တွေဟာ ပြစ်ဒဏ်ကနေ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေသလို သူတို့ကို နိုင်ငံတကာရာဇဝတ်မှုကို ဆက်လက်ကျူးလွန်ဖို့ လိုင်စင်ပေးသလို ဖြစ်နေပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးက မြန်မာနိုင်ငံသားတွေကို ကာကွယ်ပေးဖို့ပါ။” ဦးဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩⁩