ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ တွေ့ဆုံခြင်းအပေါ် အေအေပီပီ၏ သဘောထား
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် တွေ့ဆုံခွင့်ပေးခြင်းသည် ပြည်တွင်းပြည်ပနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များ၏ စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှု တစိတ်တပိုင်းဖြစ်ပါသည်။ သို့သော် စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူမှ တရားဝင်ရွေးချယ်တင်မြောက်ထားသည့် နိုင်ငံ့ခေါင်းဆောင်တဦး အနေဖြင့် အသိအမှတ်ပြုခြင်းမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကိုသာရွေးချယ်၍ တွေ့ဆုံခွင့်ပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေပါသည်။ မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရမည့်အပြင် နိုင်ငံတော်ကို ပြန်လည် ဦးဆောင်ရန် သူမ၏အခန်းကဏ္ဍကို တရားဝင်အသိမှတ်ပြုရမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
For Download: Statement on DASSK & ICRC_burmese
