AAPP Photo Gallery

၂၄ ဇွန် ၂၀၁၅နေ့တွင် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Patrick Murphy သည် ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ မယ်လဒုက္ခသည်စခန်း၊ မယ်တော်ဆေးခန်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) သို့လာရောက်လေ့လာဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ညနေလေးနာရီခန့်တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) သို့ လာရောက်လည်ပတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။