မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးမှ နိုင်ငံရေးအရာရှိအေ အေပီပီပြခန်းသို့လာ ရောက်လေ့လာ

၂၀၁၉ ခုနှစ် ဧပြီ်လ ၂၃ ရက်နေ့၊ နံနက် ၁ဝ နာရီတွင် — မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးမှ Violeta PODAGELYTE (နိုင်ငံရေးအရာရှိ – နို်င်ငံရေး၊ သတင်းနှင့် ပြန်ကြားရေးဌာန) သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရုံးသို့လာရောက်ပြီး Memory of the Past ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ ကိုကျော်စိုးဝင်း (ဦးဆောင်ကော်မတီအဖွဲ့ဝင်) မှ လိုက်လံရှင်းပြပေးခဲ့ပါသည်။ ထို့နောက် အေအေပီပီမှတာဝန်ရှိသူများဖြစ်ကြသော ကိုတိတ်နိုင် (အတွင်းရေးမှူး)၊ ကိုအောင်မျိုးကျော် (ဦးဆောင်ကော်မတီအဖွဲ့ဝင်)၊ ကိုကျော်စိုးဝင်း (ဦးဆောင်ကော်မတီအဖွဲ့ဝင်) နှင့် ကိုဇော်မိုး (ဦးဆောင်ကော်မတီအဖွဲ့ဝင်)တို့မှ လက်ခံတွေ့ဆုံပြီး AAPP ၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် လက်ရှိမြန်မာနိုင်ငံရေးအခြေအနေတို့ကိုဆွေးနွေးခဲ့ကြပါသည်။