ပြခန်းနှင့် ရုံးအဆောက်အဦသစ်ဖွင့်ပွဲ

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းရဲ့ ၂၀၀၀ ခုနှစ်ပြည့် အသင်းစတင်တည်ထောင်ကတည်း တည်ရှိခဲ့တဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က အသင်းရုံးခန်းဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့မှာ လေအေးပေးစက် ဝါယာရှော့ဖြစ်ရာကအစပြုပြီး မီးလောင်ပျက်စီးခဲ့ရပါတယ်။ အဖိုးတန်စာရွက်စာတမ်းများနဲ့၊ ရုံးနဲ့တွဲလျက်ဖွင့်လှစ်ထားတဲ့ စစ်အာဏာရှင်လက်အောက်က ဖိနှိပ်ကြမ်းကြုတ်မှုများကိုဖော်ပြထားတဲ့  နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိ နိုင်ငံရေးအကျဉ်းသားများပြခန်းလေးဟာလည်း ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၈) ရက် ရှစ်လေးလုံးပြည်သူ့အရေးတော်ကြီး ၃၆ နှစ်မြောက်နေ့မှာတော့ ယခုပြောင်းရွေ့ဖွင့်လှစ်ထားတဲ့ အသင်းရဲ့ရုံးခန်းနေရာမှာပဲ ပြီးစီးသွားတဲ့ ရုံးခန်းအဆောက်အဦအသစ်မှာ “Power of Powerless” လို့အမည်ရှိတဲ့ ပြခန်းအသစ်ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဘက်အဖွဲ့အစည်းများ၊ မိတ်ဆွေရဲဘော်ရဲဘက်များအားလုံး ဖိတ်ကြားမိတ်ဆက်ပြသခဲ့တဲ့ ဖွင့်ပွဲနေ့ မှတ်တမ်းဗီဒီယိုလေးကို နွေဦးတော်လှန်ရေးကာလ သမိုင်းမှတ်တမ်းတခုအဖြစ် ဒီနေရာကနေ ဖော်ပြမျှဝေလိုက်ပါတယ်။ ဝန်းရံတက်ရောက်ခဲ့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)