နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး: ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အတွက် သဘောထားထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ သူမသည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အစဉ်တစိုက်ပါဝင်ခဲ့သဖြင့် ၁၉၈၉ ခုနှစ်မှစတင်၍ အကြမ်းဖက်စစ်အုပ်စု၏ တရားလက်လွတ် နေအိမ်အကျယ်ချုပ်နှင့် ထောင်သွင်းအကျဉ်းချခြင်းကို နှစ်ပေါင်း ၂၀ နီးပါး ကြုံတွေ့ခံစားနေရသူ တစ်ဦးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်အကျဉ်းချထားခြင်းသည် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဒီမိုကရေစီနည်းအရ ထွက်ပေါ်လာသော ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးရန်၊ မဲဆန္ဒရှင်များ၏ လွတ်လပ်သော ဆန္ဒသဘောထားကို အသိမှတ်မပြုရန်နှင့် နိုင်ငံသားများအနေဖြင့် မိမိနှစ်သက်သည့်အစိုးရကို ရွေးချယ်ပိုင်ခွင့်ဖြစ်သော အခြေခံအခွင့်အရေးကို ငြင်းပယ်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း သိသာထင်ရှားသည့် သက်သေအထောက်အထားဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့တွင် အာစီယံအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် တာဝန်ပေးအပ်ထားသူများ၊ ပြည်တွင်းအင်အားစုများ အပါအဝင် အဓိကသက်ဆိုင်သူအားလုံးကို AAPP အနေဖြင့် အောက်ပါအချက်များကို တောင်းဆိုလိုက်ပါသည်။ 

• ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်အတွက် အားလုံးစုပေါင်း၍ လိုအပ်သည့် နည်းလမ်းအားလုံးကို ထိရောက်စွာ အသုံးပြုပြီး အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးတောင်းဆိုရန်၊

• Proof of Life campaign ကို ထောက်ခံအားပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဝင်များကို သူမနှင့် ချက်ချင်းတွေ့ဆုံခွင့်ပြုရန် အပါအဝင် လွတ်လပ်သော စောင့်ကြည့်လေ့လာသူများအား သူမ၏ကျန်းမာရေးအခြေအနေကို နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ စစ်ဆေးအကဲဖြတ်နိုင်ရန်နှင့်

• မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များကို ချန်လှပ်ထားသည့် မည်သည့်နိုင်ငံရေးလုပ်ငန်းစဥ်ကိုမဆို အဓိကသက်ဆိုင်သူအားလုံးအနေဖြင့် တရားဝင်မှုနှင့် အသိအမှတ်ပြုမှု မလုပ်ဆောင်ရန် တောင်းဆိုအပ်ပါသည်။

“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ လွတ်မြောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး ယခုအချိန်မှာ စည်းလုံးဖို့ လိုအပ်ပါပြီ။”

For Download: burmese