စ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇွန် ၁၉ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇွန် ၁၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၁၀၇) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၂၀၈) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၃၄၁) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၆) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် နေ့စဉ်နှင့်အမျှ ပြင်းထန်စွာ ချိုးဖောက်ခြင်းခံ နေရသည်။ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့အား ဆန့်ကျင်သူများ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ သတင်းမီဒီယာများနှင့် အရပ်သားပြည်သူများကို ဖိနှိပ်ထိန်းချုပ်ရန်အတွက် ဥပဒေများကိုလိုသလို အဓိပ္ပာယ်ဖွင့်ဆို အသုံးချလျက်ရှိသည်။ ထို့အပြင် ဝေဖန်ထောက်ပြမှုများ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု များနှင့် ဆိုရှယ်မီဒီယာပေါ်တွင် ထုတ်ဖော်ပြောဆိုမှုများကြောင့် ဖမ်းဆီးထောင်ချခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် အင်းစိန်ထောင်တွင်းတရားရုံးမှ နိုင်ငံရေး၊ ရသနှင့် သုတစာပေများကို ရေးသားသည့် စာရေးဆရာ ဦးတင်ညွန့်နှင့် သားဖြစ်သူ ကိုနေထွန်းတို့အား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့သည်။ ဧပြီလ ၂၃ ရက်နေ့တွင် ၎င်းတို့အား ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ နေအိမ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩