အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးလက်စွဲ
လက်ရှိအခြေအနေတွင် အကျဉ်းထောင်များနှင့် ပတ်သက်ပြီး တရားဝင် စစ်ဆေးနိုင်သော အဖွဲ့များ ရှိနေပြီးဖြစ်ပါသည်။ အနည်းဆုံး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် လွှတ်တော်အမတ်များ ဖြစ်ပါသည်။ ထို့အပြင် သတင်းမီဒီယာများ အနေဖြင့်လည်း အကျဉ်းထောင်နှင့် ပတ်သက်သော သတင်းများ ထုတ်လွှင့်နေသည်များလည်း ရှိပါသည်။ ထိုသို့သော အဖွဲ့များမှ တာဝန်ရှိသူများအတွက် အထောက်အကူပြုရန် ရည်ရွယ်၍ အကျဉ်းထောင်နှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းသင့်သည်များကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ထုတ်ဝေပေးလိုက်ပါသည်။
အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးလက်စွဲ အပြည့်အစုံ ဒေါင်းလော့ရယူနိုင်ရန် Prison reform from SSR -Burmese version by ZM and BK 2017 March 11