ဗြိတိန်သံရုံးမှ သံအရာရှိများ အေအေပီပီသို့လာရောက်လည်ပတ်

၆.၉.၂၀၁၆ နေ့ နေ့လည် ၂ နာရီ ၃ဝ မိနစ်တွင် AAPP ရုံးသို့ British Embassy Yangon မှ Sarah Russell ( First Secretary – Head of Political Section ) နှင့် Thanda ( Senior Political Officer )တို့ လာရောက်ခဲ့ကြပါသည်။AAPP ရုံးမှ တွဲဘက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်၊AAPP မှတ်တမ်းနှင့်သုတေသနဌာနမှ ကိုဇော်မိုး တို့လက်ခံတွေ့ဆုံခဲ့ကြပြီး AAPP ၏လုပ်ငန်းစဉ်များနှင့် ယနေ့ မြန်မာနိုင်ငံနိုင်ငံရေးအခြေအနေများကို ဆွေးနွေးကြပါသည်။ ထို့နောက် AAPP ရုံးပြခန်းအားလေ့လာသွားကြပါသည် ။