၂၀၂၅၊ ဧပြီလ တလတာအနှစ်ချုပ်အစီရင်ခံစာ

မေ ၃၊ ၂၀၂၅

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ တလတာအတွင်း နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၆) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၉၆) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက်မှ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၄) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ် ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၅၀) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

“ဧပြီလဆိုတာ မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလ ဖြစ်ပေမဲ့ မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်နဲ့ စစ်အုပ်စုကပေးတဲ့ လူလုပ်ဘေးအန္တ ရာယ်ကို ခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ ပျော်ရွှင်ခြင်းတွေ ပျောက်ဆုံးခဲ့ရတဲ့ နှစ်သစ်ကူးလို့ပြောရမှာပါ။ ငလျင်ကြောင့် ခံစားခဲ့ရတဲ့ ပြည်သူတွေကိုကူညီဖို့ နိုင်ငံတကာအကူအညီတွေရရှိခဲ့ပေမဲ့ အဲဒီအကူအညီတွေကို စနစ်တ ကျ စီမံခန့်ခွဲနိုင်တဲ့စွမ်းရည်နဲ့စေတနာ စစ်အုပ်စုဆီမှာ မတွေ့ရပါဖူး။ ဒါကြောင့်လည်း နိုင်ငံတကာ အကူအညီတွေဟာ တကယ်ခံစားနေရတဲ့ ပြည်သူတွေဆီ မှန်မှန်ကန်ကန်ရောက်ရှိမှု အားနည်းနေတာကိုလည်း တွေ့ရှိရပါတယ်။ နိုင်ငံတ ကာနဲ့ UNအဖွဲ့များအနေနဲ့ လိုအပ်နေတဲ့ ပြည်သူတွေကိုကူညီဖို့ စဉ်းစားရာမှာ သဘာဝဘေးကြောင့် ဒုက္ခရောက်သူတွေအတွက်တင် မစဉ်းစားသင့်ဘဲ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲလို့၊ လက်နက်ကြီးနဲ့ပစ်လို့ အိုးအိမ်မဲ့သွားရသူတွေ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားရသူတွေကိုလည်း ကူညီဖို့ ကြိုးစားသင့်ပါတယ်။ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဒေသက လူများကိုသာ ကူညီနေတယ်ဆိုရင် တဖက်သတ်ဖြစ်ပြီး သွယ်ဝိုက်တဲ့နည်းနဲ့ စစ်အုပ်စု ကို လူသတ်လိုင်စင်ထုတ်ပေးနေသလို ဖြစ်နေပါလိမ့်မယ်။” ကိုဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)