နိုင်ကျဉ်းဟောင်းများအား ကျန်းမာရေးကူညီစောင့်ရှောက်မှု

IMG_0647

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(တောင်ငူခရိုင်) ဖွဲ့စည်းခြင်းနှင့် ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ၂၂-၅-၂၀၁၄ နေ့ နံနက် ပိုင်းတွင် ဘဘဦးဝင်းတင် တစ်လပြည့် ဆွမ်းကျွေးခြင်းနှင့်အတူ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် တောင်ငူ/ရေတာရှည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ တောင်ငူခရိုင်အတွင်းရှိလူ့ဘောင်သစ်ရဲဘော်များ၊ နှင့်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPS (ရန်ကုန်) မှ ဦးထွန်းကြည်၊ ဦးတင်မောင်ဦး၊ ဦးသက်ဦး၊ ဦးမင်းဇင်၊ ဦးဘိုတောက်၊ ဦးအောင်မျိုးကျော်နှင့်ဦးခင်ဇော်တို့တက်ရောက်ခဲ့ကြပါသည်။ ရုံးဖွင့်ပွဲအခမ်းအနားတွင်ကျန်းမာရေးမကောင်းသောနိုင်ငံရေးအကျဉ်းသားဟောင်းနှစ်ဦးဖြစ်သော ဦးစောပကိလိနှင့်ဦးသန်းနိုင်တို့အား AAPP နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ။ နိုင်ငံရေးအကျဉ်းသားဟောင်းကိုထိန်လင်းမှ နိုင်ငံရေးအကျဉ်းသားများ၏ လက်ပုံတူများကို မှတ်တမ်းတင်ခြင်းကိုလည်းလုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင်နိုင်ငံရေးအကျဉ်းသားဟောင်းများက ၁၉၉ဝ တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်၏ကျန်းမာရေးအခြေအနေကိုသွားရောက်မေးမြန်းခဲ့ကြပါသည်။

source. AAPP and FPPS