၂၀၂၆၊ မတ်လတလတာအနှစ်ချုပ်အစီရင်ခံစာ

⁩ ⁨

၂၀၂၆၊ မတ် ၁ ရက်မှ ၃၁ ရက်ထိ

ဧပြီလ ၃ ရက်၊ ၂၀၂၆ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက် များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၆ ခုနှစ်၊ မတ်လ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ (၁) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၁၅) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၃၃) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထား ခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၂၅၀) ဦး ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

“မတ်လ လွတ်ငြိမ်းချမ်းသာခွင့်” ဆိုတာက ငြိမ်းချမ်းရေး သို့မဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှုတဲ့ခြေလှမ်းတရပ်တော့ မဟုတ်ပါဘူး။ ဒီလို “လွတ်ငြိမ်းချမ်းသာခွင့်”က အယောင်ပြ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဥ်အတွက် တွက်ချက်ပြီးတော့ သူတို့အာဏာတည်မြဲရေးအတွက်သာ လုပ်ဆောင်တာဖြစ်တယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ န်ိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်မှသာ တကယ့်တည်ငြိမ် အေးချမ်းရေးဆိုတာ ရရှိမှာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩