ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများစာရင်း (၁ရ ဧပြီ ၂၀၁၆)
ဓါတ်ပုံအား DVB သတင်းဌာနမှ ကူးယူဖော်ပြပါသည်။
မြန်မာနှစ်သစ်ကူးအခါသမယ(၁ရ ဧပြီလ ၂၀၁၆) နေ့တွင် နိုင်ငံတော်သမ္မတ၏ ထုတ်ပြန်လိုက်သော ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည့် ကြေညာချက်ကြောင့် နိုင်ငံရေးအကျဉ်းသား ၈၃ ဦးအား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။ ထိုပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုထားသော နိုင်ငံရေးအကျဉ်းသား ၈၃ ဦးအနက် မိမိတို့ အေအေပီပီမှ မှတ်တမ်းများအရ ထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၆၆ ဦးပါဝင်ခဲ့ပါသည်။ ကျန်ရှိနေသေးသော လွတ်မြောက်နိုင်ငံရေးအကျဉ်းသားများ၏ စာရင်းများကိုလည်း စုံစမ်းစိစစ်ရရှိပြီးလျှင် ထပ်မံထုတ်ပြန်ပေးပါမည်။
လွတ်မြောက်လာသူများစာရင်းအား ဒေါင်းလော့ရယူနိုင်ပါသည်။ Released 83 PP list by amnesty (17 Apr 16)