အမေရိကန်သံအမတ်ကြီးနှင့်အဖွဲ့အေအေပီပီ(ဘီ)ပြခန်းသို့ လာရောက်လေ့လာကြည့်ရှု
27.4.2018 ရက်နေ့၊ နေ့လည် ၂ နာရီတွင် US Embassy မှ Scott Marciel (US Ambassador), Sean R.Smith (Political Officer), Khine Mwan Lurnn (Political Specialist) နှင့် သံရုံးမှဝန်ထမ်း ၂ ဦး တို့သည် ရန်ကုန်ရှိ AAPP ပြခန်းသို့ လာရောက်လေ့လာခဲ့ပြီး ကိုဘိုကြည်၊ ကိုကျော်စိုးဝင်း ကိုဇော်မိုးတို့နှင့် AAPP ၏ လက်ရှိလုပ်နေသောလုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် လူ့အခွင့်အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
အမေရိကန်သံရုံးဖေ့ဘုတ်စာမျက်နှာမှဖော်ပြချက်
သံအမတ်ကြီး မာစီရယ်လ်သည် ကိုဘိုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) တို့ကို သောကြာနေ့က တွေ့ဆုံ၍ ဧပြီလ ၁ရ ရက်က သမ္မတကြီး ဦးဝင်းမြင့်၏ အမိန့်ဖြင့်ထုတ်ပြန်လိုက်သေ
ဓါတ်ပုံစာသားခရက်တစ် (အမေရိကန်သံရုံးဖေ့ဘုတ်စာမျက်နှာ)

