အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့်အကျဉ်းသားဦးရေ လျော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ယနေ့ ၅-၆-၂၀၁၉ ရက်နေ့ ပြည်သူ့လွှတ်တော်၊ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမတွင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့်အကျဉ်းသားဦးရေလျှော့ချရေးလုပ်ငန်းညှိနှိုင်းအစည်းသို့ အေအေပီပီမှ ဦးတိတ်နိုင်၊ဦးဘိုကြည်၊ဦးအောင်မျိုးကျော်နှင့် ဦးစိုးနိုင်တို့တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဌအပါအဝင်ကော်မတီဝင်လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ ICRC ၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၊လွှတ်တော်အခြေပြုပြည်သူ့အထောက်ကူပြုရေးအဖွဲ့ တို့မှ တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
