လွတ်ငြိမ်းသက်သာဖြင့် ပြန်လည်လွတ်မြောက်လာသည့် ၈၃ ဦးစာရင်း

83 list 1နှစ်ဆန်းတစ်ရက်နေ့တွင် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ၈၃ ဦး၏ အမည်စာရင်းကို အေအေပီပီအနေဖြင့် စုံစမ်းသိရှိရပါသည်။ ထို ၈၃ ဦးတွင် (ပြည်ထောင်)မှ လွတ်မြောက်ခဲ့သော ဦးမျိုးသူထွဋ် သည် ဧပြီလ ၈ ရက်နေ့ကတည်းက လွတ်မြောက်ခဲ့သူဖြစ်သည်။ ထို့အပြင် နေပြည်တော် ဝဲကြီးကျေးရွာမှ မြေယာပြဿနာဖြင့် ဖမ်းဆီးခံရပြီး ရဲဘက်စခန်းများမှ ပြန်လည်လွတ်မြောက်လာခဲ့သော ဦးတင်ဆန်း (ကိုးပင်သာစည်၊ ၊ ဦးတင်ငွေ(ကင်းသာ ၁)၊ ဦးမြင့်ဌေး(ကင်းသာ ၁)တို့သည် အေအေပီပီ မှတ်တမ်းများအရ ၂၂ ဇန်နဝါရီ ၂၀၁၆နေ့ တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီးသူများဖြစ်သည်။ ထို့အပြင် လားရှိုးထောင်မှ ပြန်လည်လွတ်မြောက်လာသော အမျိုးသား ရ ဦးနှင် ့အမျိုးသမီးတဦး၊ မြစ်ကြီးနားထောင်မှ ပြန်လည်လွတ်မြောက်လာသော အမျိုးသားတဦး၊ သီပေါထောင်မှ ပြန်လည်လွတ်မြောက်လာသော အမျိုးသား ၃ ဦးနှင့် ကော့သောင်းထောင်မှ အမျိုးသား ၁ ဦး၊ တို့သည် အေအေပီပီ မှတ်တမ်းတွင် မပါရှိသောသူများဖြစ်သည်။ ထို့ကြောင့် ယခုစာရင်းတွင် ဖော်ပြထားသော အကျဉ်းသားများထဲမှ ၇ဝ ဦးသည် နိုင်ငံရေးနှင့်ဆက်စပ်ပတ်သက်၍ ဖမ်းဆီးခံရသူများဖြစ်သည်ဟု အတည်ပြုနိုင်ပြီး ကျန် ၁၃ ဦးကိုမူ အတည်မပြုနိုင်သေးပါ။

အပြည့်အစုံကို ဒေါင်းလော့ရယူရန် — Released 83 PP list by amnesty (17 Apr 16)