လက်ကျန်နိုင်ငံရေးအကျဉ်းသား(၆၅)ဦးစာရင်း

silencing-dissent

၂၀၁၃ ခုနှစ် အကုန်ပိုင်းတွင်၊ မြန်မာနိုင်ငံ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်သွားပြီဖြစ်ကြောင်း မြန်မာအစိုးရ၏ များစွာသော သတင်းထုတ်ပြန်ချက်များအရ နိုင်ငံတကာမှ ထိုအချက်အား ယုံကြည်သွားစေသည်။ ထိုသတင်းထုတ်ပြန်ချက်များသည် ၂၀၁၄ ခုနှစ် နှစ်ဦးတွင်၊ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း၌ ဆက်လက် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ၏ အခက်အခဲများအား လျစ်လျူရှုထားယုံသာမက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပေါ် ကန့်သတ်မှုများနှင့် နှောက်ယှက်မှုများ ဆက်လက်ဖြစ်ပွါးနေသည့်အပေါ် အာရုံစိုက်မှုအားလည်း လုံးဝလျှော့ပါးသွားစေပါသည်။  ၂၀၁၃ အကုန်တွင် နိုင်ငံရေးအကျဉ်းသား အယောက် ၃ဝ သည် အကျဉ်းထောင်များအတွင်း၌ ဆက်လက် အကျဉ်းကျခံနေရပြီး တက်ကြွလှုပ်ရှားသူ ၁၀၆ ဦးသည်လည်း ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြမှု ပုဒ်မ- ၁၈၊ ရာဇသတ်ကြီး ပုဒ်မများ ဖြစ်ကြသော ပုဒ်မ- ၅၀၅ (ခ)၊ ပုဒ်မ- ၄၄ရ တို့အပြင် အခြားသော ပုဒ်မများနှင့် တရားစွဲခံရကာ တရားရင်ဆိုင်နေရပါသည်။  မိမိတို့၏ သတင်းစုဆောင်းမှုများအရ လက်ရှိကာလတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၅ ဦး အကျဉ်းကျခံနေရပါသည်။
ဥပမာအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ သတင်းထောက်နှင့် သတင်းဌာန ဝန်ထမ်းများစွာ ဖမ်းဆီးခံနေရမှုနှင့်အတူ၊ ၂၀၁၄ ခုနှစ်အတွင်း သတင်းမီဒီယာလွတ်လပ်မှုသည် လွတ်လပ်စွာ ပြောဆိုမှု၊ စုဝေးမှုနှင့် ဆန္ဒထုတ်ဖေါ်မှုများအတွက် လုပ်ဆောင်နေသူများ၏ အခက်အခဲများအား ထပ်ကာတလဲလဲ ခြိမ်းခြောက် နေပါသည်။
လက်ကျန်နို်င်ငံရေးအကျဉ်းသား ၆၅ ဦးစာရင်း ဒေါင်းလော့ရယူနိုင်ရန်..65-List(updated 1 July 14)