စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၈၂၁) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၄၅) ဦးရှိပြီး ထိုအထဲမှ (၂၁၀၄၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၀၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အောက်တိုဘာ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၆၀၀ ကျော် ထောင်ပြောင်းရွှေ့မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြမ်းဖက်စစ်အုပ်စုက ဦးတည်လုပ်ဆောင်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများကို ခရီးသွားလာခွင့်များပိတ်ပင်ခြင်း၊ အခြေခံလိုအပ်ချက်များဖြစ်သည့် ဆေးဝါးနှင့် စားသောက်ကုန်များကို ကန့်သတ်ပိတ်ပင်ထားသည့်အပြင် ၎င်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လျက်ရှိသည်။ အလားတူပင် အရပ်သားပြည်သူလူထုနေထိုင်ရာ ဒေသများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ တရားလက်လွတ်ဖမ်းဆီးမှုနှင့် သတ်ဖြတ်မှုများကိုလည်း ပြုလုပ်နေခဲ့ရာ ယခင်သီတင်းပတ်အတွင်း မကွေးတိုင်း မြစ်ခြေမြို့၌ ဒေသခံသုံးဆယ်ခန့် ဖမ်းဆီးခံခဲ့ရသလို၊ စစ်ကိုင်းတိုင်း ဘုတလင်မြို့ကို ဝင်ရောက်စီးနင်းရာ၌လည်း ဒေသခံအချို့သတ်ဖြတ်ခံခဲ့ရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

