စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၆၈၈) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၄၂၄) ဦးရှိပြီး ထိုအထဲမှ (၂၀၉၃၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၄၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံတဝန်းရှိ နေရာအနှံ့အပြား၌ ရေကြီးနစ်မြှုပ်မှုများကြောင့် လူဦးရေရာချီသေဆုံးကာ ပြည်သူများ၏ အိုးအိမ်၊ အဆောက်အအုံ အများအပြား ဆုံးရှုံးပျက်စီးနေသော်လည်း အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုများကို အစဉ်တစိုက်ပြုလုပ်လျက်ရှိရာ ၎င်းတို့ လက်လွတ်ဆုံးရှုံးထားရသည့် နယ်မြေများအား လေကြောင်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး စက်တင်ဘာလ ၁၃ ရက်နေ့က ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်ကိုလည်းကောင်း၊ စက်တင်ဘာ ၂၁ ရက်နေ့က နောင်ချိုမြို့နယ်နှင့် လားရှိုးမြို့တို့ကို လည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့သည့်အပြင် အဆောက်အဦများစွာလည်း ပျက်စီးခဲ့သည်။ ရေကြီးမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၁၁ ရက်မှ စက်တင်ဘာ ၂၂ ရက်ကာလအတွင်း စစ်အုပ်စုလက်ချက်ဖြင့် အသက်ဆုံးရှုံးရသူ ၂၃ ဦးကို အမည်စာရင်းနှင့်တကွ အေအေပီပီအနေဖြင့် အတည်ပြုမှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ထို ၂၃ ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူ ၁၇ ဦးပါဝင်သည်။
ထို့ပြင် ကနဦးရရှိထားသည့်သတင်းအချက်အလက်များအရ ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်နှင့် စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်တို့မှ အကျဉ်းသားများအား ၎င်းတို့၏ မိသားစုဝင်များထံသို့ အသိပေး အကြောင်းကြားခြင်းမရှိဘဲ ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

