စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၆၆၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၃၉၈) ဦးရှိပြီး ထိုအထဲမှ (၂၀၉၀၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၂၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၄) ဦးနှင့် အမျိုးသား (၇၁) ဦး စုစုပေါင်း (၁၀၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ (၈) ဦး ပါဝင်သည်။ အဆိုပါ (၁၀၅) ဦးအနက် စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူ အရေအတွက်မှာ (၄၀) ဦးဖြင့် အများဆုံးဖြစ်သည်။
ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းအချိန်တွင် မန္တလေးမြို့မှ ကိုအောင်မြင့်မြတ်သည် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ နေအိမ်တစ်လုံးသို့ ဆေးသုတ်ရန် သွားပြီးနောက် ပြန်လာစဉ် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေခဲ့သည်။ ထို့ကြောင့် မိသားစုမှ လိုက်လံစုံစမ်းရှာဖွေရာ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး၌ ဖမ်းဆီးခံထားရကြောင်း သိရှိခဲ့ပြီး ဆက်လက်စုံစမ်းရာ ဖမ်းဆီးခံရသည့် ည ၁၁ နာရီခွဲခန့်အချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ထိုရုံးမှ ပြန်လည်ဖြေကြားခဲ့သော်လည်း နေအိမ်သို့ ရောက်ရှိလာခြင်း မရှိသည့်အတွက်ကြောင့် မိသားစုက ယင်းရုံးရှေ့ရှိ စစ်ဆေးရေးဂိတ်တွင် ရှိသူများထံ ထပ်မံစုံစမ်းရာ ထိုဖမ်းဆီးခံထားရသည့် ညကပင် ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီးဖြစ်ကြောင်းကို ၎င်း၏ ရုပ်အလောင်းဓာတ်ပုံနှင့်တကွ ဩဂုတ်လ ၁၄ ရက်နေ့တွင်မှ မိသားစုက သိရှိခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

