အပြည်ပြည်ဆိုုင်ရာ ဒီမိုုကရေစီနေ့ ထုုတ်ပြန်ချက်

AAPP New Letterhead_2016 resize

ရက်စွဲ။  ။ စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုုင်ရာ ဒီမိုုကရေစီနေ့တွင် မြန်မာနိုုင်ငံတွင်း  ဒီမိုုကရေစီ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှုလျော့နည်းနေခြင်းအတွက် နိုုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) မှ အလွန်အမင်း စိုုးရိမ်ပူပန်မိပါသည်။ ယနေ့တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အာဏာရှင် အုုပ်ချုပ်မှုတိုု့ကိုု ပြန်လည် အမှတ်ရမိစေပါသည်။ မျက်မှောက်ကာလထိတိုင်အောင် မြန်မာနိုုင်ငံတွင် လွတ်လပ်စွာ ထုုတ်ဖော်ပြောဆိုုခွင့်ကို ကျင့်သုံးသူများသည်  ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရ သည်။

ရိုုက်တာသတင်းထောက်နှစ်ဦးဖြစ်သော ကိုသက်ဦးမောင် (ခ) ဝလုုံးနှင့် ကိုုကျော်စိုုးဦး (ခ) မိုးအောင်တိုု့၏ အမှုမှလည်း မြန်မာနိုုင်ငံ၏ ဒီမိုုကရေစီအရေးတွင် ကန့်သတ်မှုများရှိနေသည်ကို ထုတ်ဖော်ပြသနေသည်။ သတင်းသမားကို ဖိနှိပ်ရန်နှင့် ခြိမ်းခြောက်ရန်အတွက် ကိုုလိုုနီခေတ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေများကိုု အသုုံးပြုခြင်းသည် ဒီမိုုကရေစီ သဘောတရားနှင့် ကွဲလွဲဆန့်ကျင်လျှက်ရှိသည်။ ၁၉၄၈ ခုုနှစ်တွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့သော အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြဋ္ဌာန်းထားသည်။ နှစ်ပေါင်း ၇ဝ ရှိသည့်တိုင်အောင် ထိုအခွင့်အရေးသည် ခြိမ်းခြောက်ခံနေရဆဲဖြစ်သည်။

အခြေခံကျသော အခွင့်အရေးများကိုု နိုုင်ငံသားအားလုုံး ရရှိစေရန်အတွက် စစ်အစိုုးရဟောင်းများမှ အသုုံးပြု လေ့ရှိသော ဖိနှိပ်ထားသည့် ဥပဒေများကိုု ရုတ်သိမ်းရမည်ဖြစ်သည်။ အောက်ဖော်ပြပါ ဥပဒေများသည် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို အဟန့်အတား ဖြစ်စေခြင်းကြောင့် ရုုပ်သိမ်းရန် လိုုအပ်နေသည့် ဥပဒေများ ဖြစ် သည်။

  • ၂၀၁၃ ခုုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေးဥပဒေ ပုုဒ်မ ၆၆ (ဃ) သည် လွတ်လပ်စွာထုုတ် ဖော်ပြောဆိုုခွင့်ကို ကျင့်သုံးသူများအပေါ် ပစ်မှတ်ထား၍ အသုုံးပြုလေ့ရှိသော ဥပဒေဖြစ်သည်။ ၎င်းဥပဒေဖြင့် တရားစွဲဆိုခံရပါက ပြစ်ဒဏ်ချမှတ်မှုနှုန်းသည် ရာနှုန်းပြည့်ဖြစ်သည်။
  • ၂၀၁၆ ခုုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ငြိမ်းချမ်းစွာ စုုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ (ငြိမ်း၊စုု၊စီ) သည် တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြမှုများကိုု ဖိနှိပ်ရန်အတွက် အသုုံးပြုလေ့ရှိသည့် ဥပဒေဖြစ်သည်။
  • ၁၉၀၈ ခုုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မတရားအသင်းဆက်သွယ်မှုဥပဒေ ပုုဒ်မ ၁ရ (က) နှင့် (ခ) တိုု့သည် တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများပေါ် တရားစွဲဆိုုနိုုင်ရန် တွင်ကျယ်စွာ အသုုံးပြုလေ့ရှိသည့် ဥပဒေ ဖြစ်သည်။
  • ၁၈၆၁ ခုုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ရာဇသတ်ကြီးဥပဒေ ပုုဒ်မ ၅၀၅ (က) နှင့် (ခ) တိုု့သည် သတင်းများ ထုတ်ပြန်ကြေညာခြင်း သို့မဟုတ် ဖြန့်ချီခြင်းတို့ပြုလုပ်သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တရားစွဲဆိုနိုင်ရန် အသုံးပြုလေ့ရှိသည်။

မြန်မာနိုုင်ငံသည် ဒီမိုုကရေစီအကူးအပြောင်းကို ရှေ့ဆက်လှမ်းနိုင်ရန်အတွက် ထိုဥပဒေများကိုု ရုုပ်သိမ်းရမည်ဖြစ်ပြီး နိုုင်ငံရေးအကျဉ်းသားများအားလုုံးကိုုလည်း ပြန်လည်လွှတ်ပေးရမည်ဖြစ်သည်။ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုုတ်ဖော်ပြောဆိုုခွင့်တိုု့သည် ဒီမိုုကရေစီ၏ အခြေခံကျသော အုတ်မြစ်ဖြစ်သည့်အတွက် ယင်းတိုု့ကိုု လေးစား လိုက်နာရန်လည်း တိုက်တွန်းပါသည်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၀၃ ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈