ရိုက်တာသတင်းထောက်နှစ်ဦးအား ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် သတင်းထုတ်ပြန်ချက်

AAPP New Letterhead_2016 resize

ရက်စွဲ။    ။ စက်တင်ဘာလ ၃ ရက်၊ ၂၀၁၈ ခုနှစ်

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးမှ ရိုက်တာသတင်းဌာန၏ သတင်းထောက် နှစ်ဦးဖြစ်သော  ကိုသက်ဦးမောင် (ခ) ဝလုုံးနှင့် ကိုကျော်စိုုးဦး (ခ) မိုုးအောင်တိုု့အား ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ပါသည်။ ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ကန့်ကွက် ရှုတ်ချပါသည်။ ၎င်းတို့နှစ်ဦးသည် သတင်းထောက်တို့၏ ရရှိသင့်သော လွတ်လပ်စွာ သတင်းရယူရေးသားခြင်းကို ဆောင်ရွက်ခဲ့ခြင်းအပေါ် ၂၀၁ရ ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက ဖမ်းဆီးခြင်းခံခဲ့ရပြီး  တရားမဝင် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟု စွပ်စွဲခြင်းခံရကာ ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်သော မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် စွဲချက်တင်ခြင်းကို ခံခဲ့ရသည်။ သူတို့သည် လိုက်နာရမည့် သတင်းသမားများ၏ ကျင့်ဝတ်များကို လိုက်နာခဲ့ကြောင်း တောက်လျှောက် ပြောကြားခဲ့သည်။ ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦးတို့သည် မျှတသော တရားစီရင်မှုခံခွင့်ကို ရရှိခြင်းမရှိခဲ့ဘဲ ထိုအမှုမှ တရားဥပဒေဆိုင်ရာတွင် အားနည်းမှုများရှိသည်ကို ပြသနေသည်။

၎င်းတို့နှစ်ဦးသည် စစ်ဆေးမေးမြန်းခြင်းခံနေရစဉ်အတွင်း အိပ်ခွင့်မရှိဘဲ မေးခွန်းများ ထပ်ကာတလဲလဲ မေးမြန်းခြင်းကို ခံခဲ့ရသည်။ ထို့ပြင် တရားခွင်ကြားနာစစ်ဆေးမှုများသည် မလိုအပ်ဘဲ နှောင့်နှေး၍ ရှည်ကြာခဲ့သည်။ ပြီးခဲ့သည့် အပတ်တွင်ပင် တရားသူကြီးမှ ကျန်းမာရေးမကောင်းသောကြောင့် တရားခွင်ကြားနာစစ်ဆေးမှုကို ရွှေ့ဆိုင်းခဲ့သည်။ ၎င်းတို့ ချုပ်နှောင်ထားခြင်း ခံနေရစဉ်တွင် ကိုသက်ဦးမောင် (ခ) ဝလုံး၏ ဇနီးဖြစ်သူသည် မီးဖွားခဲ့သည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်နှင့်ပတ်သက်ပြီး ထိုအမှုမှ စိုးရိမ်မှုများကို မြင့်တက်စေပါသည်။ လွှတ်တော် နှစ်ရပ်လုံးသည် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေကို ပြန်လည် သုံးသပ်ရမည်ဖြစ်ပြီး ထိုဥပဒေဖြင့် သတင်းထောက်များ ထိခိုက် နစ်နာခြင်းမရှိစေရန်အတွက်ကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် သတင်းထောက် နှစ်ဦးအား ထိုဥပဒေဖြင့် ဖိနှိပ်ထားမှုကို  ရှုတ်ချပြီး ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကဲ့သို့သော သတင်းထောက်များ တရားစွဲဆို ဖိနှိပ်ခံထားရမှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ကိုင်တွယ် ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ သတင်းရယူခွင့်၊ သတင်းထုတ်ဖော်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်များသည်  စိုးရိမ်ဖွယ်ရာ နောက်ပြန်ဆုတ်နေသည်ကိုလည်း ထိုအမှုမှ ညွှန်းဆိုနေသည်။ မြန်မာနိုင်ငံတွင်း လွတ်လပ်သော သတင်းရယူ ရေးသားမှုရှိရန် လိုအပ်ပြီး လက်ရှိကာလတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် သတင်းရယူရေးသားခြင်း နယ်ပယ်သည် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပါသည်။ အစိုးရမှ ထိုအခြင်းအရာကို ကိုင်တွယ် ဆောင်ရွက်ရမည်ဖြစ်ပြီး သတင်းရယူရေးသားခြင်းအတွက် သတင်းသမားများကို ပြစ်ဒဏ်ပေးအရေးယူခြင်း မပြုနိုင်ရန်အတွက် လုပ်ဆောင်ပေးရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်း ပွင့်လင်းမြင်သာ၍ အမှီအခိုကင်းသော သတင်းလွတ်လပ်ခွင့်ရရှိရန် လိုအပ်နေပါသည်။ အစိုးရမှ ဒီမိုကရေစီနှင့် မီဒီယာလွတ်လပ်ခွင့်ကို လေးစားလိုက်နာခြင်းအားဖြင့် ကိုသက်ဦးမောင် (ခ) ဝလုုံးနှင့် ကိုကျော်စိုုးဦး (ခ) မိုုးအောင်တိုု့ကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပါရန် တိုက်တွန်းပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဆက်သွယ်ရန် –

တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂ ၈၇၈ ၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈