ဗြိတိသျှသံအမတ်ကြီး Mr.Dan Chugg နှင့်အဖွဲ့အေအေပီပီပြခန်းသို့လေ့လာ

ရန်ကုန်မြို့ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး Mr. Dan Chugg နှင့် အဖွဲ့သည် ၁၇၊ ၈၊ ၂၀၁၈ နေ့ နံနက် ၁ဝ နာရီတွင် အေအေပီပီရန်ကုန်ရုံးသို့ လာရောက်လည်ပတ်ခဲ့ကြပါသည်။ Memory of the Past ပြခန်းကို လေ့လာကြည့်ရှုရာတွင် အေအေပီပီမှ ဦးဇော်မိုးနှင့် ဦးကျော်စိုးဝင်းတို့က ရှင်းလင်းပြောပြခဲ့ပြီး အေအေပီပီ၏ လုပ်ငန်းများလုပ်ဆောင်နေမှုအခြေအနေများကို အေအေပီပီ၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်၊ ဦးဇော်မိုးနှင့် ဦးကျော်စိုးဝင်းတို့က ရှင်းလင်းပြောပြပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်သံအမတ်ကြီးနှင့်အဖွဲ့အား အေအေပီပီမှ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။
သံအမတ်ကြီးနှင့်အဖွဲ့အား အေအေပီပီမှ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။