ကွက်လပ်ဖြည့်ပါ | Ep 4:‘တော်လှန်ရေးကာလအတွင်း ဆုံးရှုံးမှုအတွက်သောကကိုဖြေဖျောက်ခြင်း’
တော်လှန်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုအတူတူဝိုင်းဝန်းဖြေရှင်းပေးနိုင်ဖို့ “ကွက်လပ်ဖြည့်ပါ” အစီအစဉ်ကကြိုဆိုပါတယ်။ ဒီတပတ်မှာတော့ ‘တော်လှန်ရေးကာလအတွင်း ဆုံးရှုံးမှုအတွက်သောကကိုဖြေဖျောက်ခြင်း’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဒေါက်တာနိုင် နှင့်အတူ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ တော်လှန်ရေးကာလမှာကွက်လပ်ဖြည့်ပေးရမယ့်နေရာတွေ အများကြီးရှိနေပါတယ်။အားလုံးကလည်း တတ်စွမ်းသမျှဖြည့်ဆည်းနေကြတာပါ။အဲဒီအထဲမှာ စိတ်ဓါတ်ခွန်အားတွေအတွက် တနည်းအားဖြင့်စိတ်ကျန်းမာရေးအရပိုမိုတည်ဆောက်ရှင်သန်အောင်အတူဝိုင်းဝန်းဖြည့်ဆည်းကြဖို့လည်းလိုအပ်နေတာဖြစ်ပါတယ်။ ဒီကွက်လပ်အတွက်ရည်ရွယ်ပြီးအေအေပီပီ ရဲ့ Mental Health Assistance Program ကနေ “ကွက်လပ်ဖြည့်ပါ” ဆိုတဲ့ အစီအစဉ်ကို အများပြည်သူအတွက်စိတ်ကျန်းမာရေးဆိုင်ရာအထောက်အပံ့ဖြစ်စေဖို့ တင်ဆက်ထုတ်လွှင့်ပေးလိုက်ရပါတယ်။ နောက်အပတ်တွေမှာလဲ ကွက်လပ်ဖြည့်ပါ အစီအစဉ်ရဲ့ ဘယ်လိုခေါင်းစဉ်တွေကို ဘယ်သူတွေကဆွေးနွေးတင်ဆက်သွားမယ်ဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုခံစားပေးကြပါ။