လွတ်မြောက်သော်ငြား မလွတ်လပ်နိုင်သေးသူများ။ နိုဝင်ဘာလ (၁) ရက်၊ ၂၀၂၄
မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား၌ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ခြင်း များမှာ အဆုံးမသတ်နိုင်သည့် အဆိုးကျော့သံသရာထဲ၌ပင် လည်ပတ်လျက်ရှိရာ ၂၀၂၁ စစ်တပ်အာဏာလုချိန် စတင်ပြီးနောက် ပြင်းထန်ဆိုးရွားမှုမှာ အရှိန်အဟုန်ဖြင့် တိုးပွားများပြားလာလျက်ရှိနေသည်။ ကာလကြာရှည်ဖြစ်ပွားနေခဲ့သော အကြမ်းဖက်မှုများ၏ နောက်ဆက်တွဲသက်ရောက်မှုတခုဟု ဆိုနိုင်သည့် စိတ်ဒဏ်ရာဒဏ်ချက်ခံစား နေရမှုများသည် ယေဘုယျအားဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူလူထုအပေါင်း၌ မည်သူ့တွင်မှ မကင်းနိုင်သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။
နိုင်ငံရေးအရ မတရားသဖြင့်ဖမ်းဆီးခံခဲ့ရပြီး အုတ်နံရံများနောက်တွင် ပိတ်လှောင်ခံခဲ့ရကာ ပြန်လည်လွတ်မြောက်လာပြီးချိန်တွင်လည်း လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ရောက်ရာ၌လည်းကောင်း၊ အတိတ်က ကြုံတွေ့ခဲ့ရသည့် အကြမ်းဖက်မှုများ၏ သားကောင်ဆက်လက်ဖြစ်နေမှုကို ကျော်လွှားနိုင်စေရန်အတွက်လည်းကောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးရမည့်ကိစ္စရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတကာအသိုက်အဝန်းအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းများကပါ အထူးအလေးပေး၍ အစီအမံများချမှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော်ရန် လိုအပ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/