စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၈၉၃) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၈၄) ဦးရှိပြီး ထိုအထဲမှ (၂၁၀၄၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၈၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုများကို အရှိန်ဟုန်ပြင်းစွာ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့်သီတင်းတပတ်အတွင်း တိုင်းနှင့်ပြည်နယ်တချို့၌ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအပြင် မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုများ များပြားလာသည့်အပြင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ကြရသည့် ဒေသခံပြည်သူအရေအတွက်လည်း ပိုမိုများပြားလာသည်။ အလားတူပင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌လည်း နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲအတွင်း ပိတ်မိနေသူများလည်း ရှိပြီး စစ်အုပ်စုက ဒေသခံပြည်သူများကို ထွက်ခွာခွင့်ကန့်သတ်ပိတ်ပင်ထားကြောင်း သိရှိရသည်။ 

ထို့ပြင် စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကိုလည်း ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး အောက်တိုဘာလ ၂၅ ရက်နေ့က ကရင်ပြည်နယ်၊  ဖာပွန်မြို့နယ်၊ ဆောဘွဲဒဲကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း၊ မူကြိုကျောင်းအပါအဝင် အဆောက်အဦ ၆ ခု ထိခိုက်ပျက်စီးခဲ့သည်။ 

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)