စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – စက်တင်ဘာလ ၉ ရက်၊ ၂၀၂၄ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာလ ၉ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၆၃၀) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၃၄၃) ဦးရှိပြီး ထိုအထဲမှ (၂၀၈၅၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၈၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့် သီတင်းတပတ်အတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ မန်တုံ၊ နမ့်ခမ်းနှင့် နောင်ချိုမြို့နယ်တို့တွင်လည်းကောင်း၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်း၊ နွားထိုးကြီးနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင်လည်းကောင်း၊ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့တွင်လည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ (၅၀) ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး လူနေအဆောက်အအုံများစွာနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့သည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးနှင့်ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအများစုကို အင်အား ၁၈၀ ခန့်ပါရှိသော စစ်အုပ်စုနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ နောက်ဆုံးပတ်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာအတွင်းမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စက်တင်ဘာလ ၆ ရက်နေ့အထိ နေအိမ် နှစ်ရာဝန်းကျင်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)