သံတိုင်နောက်မှ ပြန်လမ်းမဲ့သူများ
အာဏာလုယူထားသည့် ၃ နှစ်ကျော်ကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ တက်ကြွလှုပ်ရှားသူများနှင့် အရပ်သားပြည်သူများစွာကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ဖမ်းဆီးပြီး ၎င်းတို့၏လက်အောက်ခံ ရဲစခန်းများ၊ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များ၌ ချုပ်နှောင်ကာ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ နည်းမျိုးစုံဖြင့် ညှဉ်းပမ်းနှိပ်စက်လျက်ရှိသည်။
လူ့ဂုဏ်သိက္ခာကို မငဲ့ကွက်ပဲ ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများဖြင့် စစ်ဆေးမေးမြန်းမှုများ၏ နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများကို စစ်အုပ်စုက တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့စွာ ကျုးလွန်နေဆဲဖြစ်ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ နေရာဒေသအသီးသီးတွင် ပုံစံမျိုးစုံဖြင့် ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် သတ်ဖြတ်ခံရသူစုစုပေါင်း (၁၈၅၃) ဦးရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း