စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ မတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၁၈၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၇၀၆၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၅၂၆၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ မတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၈) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၀) ဦးရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၈၄၃) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။
ယနေ့ရရှိသော အချက်အလက်များအရ မတ်လ ၂၅ ရက်နေ့၊ နံနက် ၈ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာကို အင်အား ၅၀ ခန့်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်း၍ မီးရှို့ခဲ့သောကြောင့် ကျေးရွာအတွင်း ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေသည့် အမြင်အာရုံချို့ယွင်းသူများနှင့် ကျန်းမာရေးမကောင်းသော ဒေသခံ ခုနှစ်ဦး မီးလောင်သေဆုံးခဲ့ပြီး နေအိမ် ၁၈၀ ခန့် မီးလောင်ပျက်စီးခဲ့သည်။ သေဆုံးသူများမှာ အသက် ၈၀ နှစ်အရွယ် ဦးကြည်မြင့် (ခ) ဂျပန်ကြီး၊ ဒေါ်ခွေးမ၊ ဒေါ်ခင်မြင့်၊ ဒေါ်တင်အိ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ပြည့်နှင့် ဒေါ်ကြည်အောင်၊ အသက် ၅၀ နှစ်အရွယ် ဒေါ်စန်းမြင့်တို့ ဖြစ်ကြသည်။
ထို့ပြင် မတ်လ ၂၅ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်အချိန်တွင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆေးရေးဂိတ်ကို အမျိုးသားနှစ်ဦးသည် ဆိုင်ကယ်နှင့် ဖြတ်သန်းလာချိန်၌ အကြမ်းဖက်စစ်အုပ်စု၏တပ်သားက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲပြီး ပစ်ခတ်ခဲ့သောကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသော ကိုသန်းလင်းချစ်သည် ကျည်ထိမှန်၍ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကာ နေရာတွင် သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းသူ ကိုပြည့်စုံအောင် (ခ) အလင်းရောင်မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့၍ ပဝကျေးရွာရှိ ဆေးခန်းကို မောင်းနှင်လာပြီး ဆေးကုသမှုခံယူနေချိန်တွင် သေဆုံးခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Sector ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် – Sector_Data_Definition (2-Feb-2023)
Special Condition ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် – Special_Condition_Data_Definition (2-Feb-2023)
Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – https://youtu.be/OoyTSNG7zv4
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twi
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း