အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်ဖြစ်ပါသည်။

‘စုစုပေါင်း သေဆုံး’ ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။

‘စုစုပေါင်း အဖမ်းအဆီး’ ဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။

‘ထိန်းသိမ်းခံနေရဆဲ’ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။