ချက်သမ္မတနိုင်ငံမှနိုင်ကျဉ်းဟောင်းများဘဝပြန်လည်ထူထောင်ရေးအတွေ့အကြုံ အလုပ်ရုံဆွေးနွေးပွဲ
ချက်နိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဘဝပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ Professor Roman David (Lingnan University ,Hongkong) မှဆွေးနွေးပွဲကို ၂၉-၉-၂၀၁၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (ရန်ကုန်) ရုံး၌ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲကို နံနက် ၁ဝနာရီမှ နေ့လည် ၂နာရီအထိကျင်းပခဲ့ပြီး Professor Roman David မှ ချက်နိုင်ငံအတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ မြန်မာနိုင်ငံနှင့် ်ဆက်စပ်၍မေးမြန်းခဲ့သည်။ ဆွေးနွေးပွဲအား ၈၈ပွင်းလင်း၊ နိုင်ကျဉ်းအဖွဲ့ဝင်များ စိတ်ပါဝင်စားသူနိုင်ကျဉ်းဟောင်းများ ၄ဝကျော်တက်ရောက်ခဲ့သည်။

