နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံများ အစီရင်ခံစာအား သံတမန်မိတ်ဆက်ပွဲ (Diplomatic Briefing)
၁၈ နိုဝင်ဘာ ၂၀၁၉ တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)နှင့် Burma Centre Prague တို့၏ တွဲဖက်လုပ်ငန်း အစီအစဉ်Memory of Myanmar မှတ်တမ်းရုပ်ရှင်နှင့် မြန်မာပြည် အာဏာရှင်တို့လက်ထက် စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှုများကို အသုံးပြုပုံနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံများ အစီရင်ခံစာအား သံတမန်မိတ်ဆက်ပွဲ (Diplomatic Briefing) အဖြစ် ဥရောပသမဂ္ဂရုံး အစည်းအဝေးခန်းမတွင် နံနက် ၁၀:၃၀ မှ ၁၂:၀ဝ ထိပြုပ်လုပ်ခဲ့ပါသည်။ မိတ်ဆက်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံရုံးမှ Mr. Viktor, ဥရောပသမဂ္ဂမှ Ms. Brigitte နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ဦးဘိုကြည်၊ ဦးအောင်မျိုးကျော်နှင့် ကိုဇော်မိုး၊ Burma Center Prague မှ ဒါရိုက်တာ မစံပါယ်စိုး၊ ချက်နိုင်ငံမှ ဥပဒေ ပါမောက္ခ Mr. Tomas တို့မှ အစီရင်ခံစာနှင့် မှတ်တမ်းရုပ်ရှင် ကြောင်း၊ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေးခဲ့သည်။
၁၈ နိုဝငျဘာ ၂၀၁၉ တှငျ နိုငျငံရေးအကဉြျးသားမြားကူည
